Thursday 25 January 2018

ကြက်သား အာလူးဟင်း


ကြက်သားတွေ ၀ယ်ထားပြီး တနေ့တမျိုး ချက်နေရင်းက ကုန်ခါနီးတာနဲ့ ကြက်သားနဲ့ အာလူးအရော ဟင်းလေးချက်ပါမယ် ကြက်သားနဲ့အာလူး အရောဟင်းချက်ရင် အာလူးကို ရွေးစားတတ်တဲ့ မာမာတယောက် ဒီနေ့တော့ ထမင်းမိန်​​စေမဲ့ ကြက်သားအာလူး ဆီပြန်ဟင်းလေး ချက်ထားပါတယ်။

ကြက်သားအရသာနယ်ရန်

  • ကြက်ရင်ပုံသား - 500g (အနေတော်တုံးထားပါ)
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်

ဟင်းချက်ရန်

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - ငါးမွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - အနေတော် တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  6. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  7. ကရဝေးရွက် -၂ရွက်
  8. ဖာလာ - တခု
  9. လေးညှင်း - တပွင့်
  10. အာလူး အနေတော် -၃လုံး
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ရောချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် တုံးထားကာ ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ဖာလာ လေးညှင်း ကရဝေးရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး နူးတဲ့ထိ ဆက်တည်ပေးပါ 
  • ကြက်သားနူးပါက ရေစိမ်ထားသော အာလူးကို ဆယ်ထည့်ပြီး အာလူးနူးလောက်ရုံ ရေထည့်ပြီး ဆက်တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ကြက်သားအာလူး ဆီပြန်မွှေးမွှေးလေး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment