မာမာကတော့ ပြစ်လိုက်ရမှာ သမျှောတာနဲ့ ငှက်ပျောပွင့်ထဲက ၀တ်ဆံမာမာလေးတွေကို တစ်ခုခြင်းစီ စိတ်ရှည် လက်ရှည်ဖယ်ကာ ဟင်းတစ်မယ်ရအောင် ချက်ထားပါတယ်။
ချက်နည်းကတော့ ငှက်ပျောဖူး ချက်နည်း အတိုင်းဘဲ ချက်ထားတဲ့ ထမင်းစား မြိန်စေမဲ့ ချဉ်ငံစပ် ငှက်ပျောပွင့်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငှက်ပျောပွင့် တရုတ်ဟင်းပြင်ပန်းကန်အကြီး - တစ်လုံးစာ
- ငရုတ်စိမ်း - နှစ်သက်သလောက် (သို့ )
- ငရုတ်သီးမှုန့် အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မျှင်ငပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - နှစ်မွှာ
- ဆား - လိုသလောက်
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- မန်ကျဉ်းသီးမှည့် - ကွမ်းသီးဆံလုံး တစ်လုံးစာ
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
- ငှက်ပျောပွင့်ကို ပုံပါအတိုင်း အပွင့်အထဲမှ ၀တ်ဆံများကို တစ်ခုခြင်း ဖယ်ပေးပါ
- ကျန်နေသော ငှက်ပျောပွင့်များကို ဆားအနည်းငယ်ဖြင့် အဖန်ရည်များ ထွက်သွားအောင် နယ်ပေးပါ
- အဖန်ဓါတ်များ ထွက်သွားကာ ငှက်ပျောပွင့်များ ပျော့လာပြီဆိုရင် ရေသုံးခါလောက် ဆေးပေးပါ
- ငရုတ်စိမ်းနဲ့ ချက်မယ်ဆို ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးပါ
- ငရုတ်သီး အရောင်တင်မှုန့် သုံးမယ်ဆိုရင် ပြင်ထားပါ
- ကြက်သွန်နီ အနေတော် တစ်ခြမ်းကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
- မျှင်ငါးပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
- အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးကာ နနွင်းမှုန့်ထည့်ပေးပါ
- ဆီပူလာတာနဲ့ ငရုတ်သီးစိမ်း (သို့ )ငရုတ်သီး အရောင်တင်မှုန့် နှင့် ကြက်သွန်အဖြူ အနီတို့ကို မွှေးလာအောင် ထည့်ကြော်ပါ
- ပြီးတာနဲ့ ငှက်ပျောပွင့်ကို ထည့်ကြော်ပါ
- ငှက်ပျောပွင့် အနည်းငယ် နွမ်းတာနဲ့မျှင်ငပိ ဆား ပုဇွန်ခြောက်မှုန့်ထည့်ကာ မွှေပေးပါ
- ပြီးတာနဲ့ ရေကို ငှက်ပျောပွင့်များ ဖုံးမြုပ်အောင် ထည့်ပေးကာ ဆူပွက်လာသည်အထိ ချက်ပေးပါ
- ရေဆူပွက် လာပြီဆိုလျှင် မကျည်းသီးမှည့်ကို ပျစ်ပျစ်လေး ဖျော်ထဲ့ကာ ထည့်ပေးပါ
- ပြီးတာနဲ့ အရသာ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
- အရသာကို လိုသလို ပြင်ပေးပြီး ဆီပြန်အနေထား ရလာအောင် တည်ပေးပါ
- ငှက်ပျောပွင့်များ နူးအိလာပြီဆိုရင် မီးပိတ်ပေးပါ
- ထမင်းစားမြိန်စေမဲ့ ငှက်ပျောပွင့် ချဉ်ငံစပ် နူးနူးအိအိလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment