Wednesday 21 June 2017

ငါးပေါင်းကြော် မွှေးမွှေးလေး


ဒီတခါတော့ မြန်မာပြည်က ငါးပုတ်သင်ငါးနဲ့ ခပ်ဆင်ဆင်တူတဲ့ ငါးလေးတွေ ရလာတာနဲ့ ငါးပေါင်းကြော်လေး ကြော်လိုက်ပါတယ် မာမာကတော့ ထမင်းဖြူလေးကို ဆားလေးဖြူးပြီး ငါးပေါင်းကြော်လေးဖဲ့ကာ စားရတဲ့ အရသာလေး ကြိုက်လွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းမျာ

  1. ငါးပန်းနီ - 350 g
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  4. Lemon Pepper - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  5. Lemon Pepper မရှိပါက သံပုရာရည် ထမင်းစားဇွန်းတ၀က်နဲ့ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ရောနယ်ပေးပါ
  6. ဆီ - လက်ဖက်အကြမ်းပန်းကန် နှစ်လုံးသာသာ
  7. တန်ပူရာမှုန့် - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  8. ရေ - မုန့်နှစ်ခပ်ပျစ်ပျစ်ဖြစ်အောင် ရေကိုနည်းနည်းခြင်း ထည့်မွှေပြီး ခပ်ပျစ်ပျစ် အနေအထား ရအောင်ဖျော်ရန်

ပြင်ဆင်ပုံ
  • ငါးကို အတောင်ပံ အမြှီးဖြတ်ပြီး ဗိုက်ထဲမှ မလိုတာတွေဖယ်ကာ ရေဆေးပြီး ရေခြောက်အောင် Paper Towel နှင့်ခပ်ဖွဖွ သုပ်ပေးပါ
  • ရေခြောက်သွားပါက ဆား အရသာမှုန့် lemon pepper တို့နဲ့အရသာဝင်အောင် ခပ်ဖွဖွ ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • အရသာနယ်ပြီးပါက ရေဖျော်ထားသော တန်ပူရာမုန့်နှစ်ထဲမှာ ငါးကိုတကောင်ချင်းယူကာ လူးပေးပါ
  • အောက်ချေမကပ်သော ဒယ်အိုးတလုံးကို ဆီအပူပေးပြီး ဆီပူလာပါက တန်ပူရာမုန့်နှစ် လူးထားသော ငါးကို ထည့်ကြော်ပေးပါ
  • တဖက်ရွှေဝါရောင် သန်းလာရင် နောက်တဖက်လှန်ပေးပြီး နောက်တဖက်ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ငါးကြော်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment