Wednesday 14 June 2017

ကြက်သားပြား အကြွတ်ကြော်






ကြက်ပေါင်သားကို အတုံးလိုက် ကြော်စားရတာ ရိုးသလို ဖြစ်လာလေတော့ ဒီတခါတော့ အရသာလေးလဲ ဆန်းရလေအောင် bread crumbအမှုန့်လေးလူးပြီး ကြွတ်ကြွတ်လေး ကြော်ပါမယ် အရသာမွှေးမွှေးလေး ကြော်ဖို့အတွက် ပါဝင်ရမှာလေးတွေနဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင်သား - လေးခု
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. သံပုရာရည် - ထမင်းစားဇွန်းတစ်ဝက်
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လိုသလောက် 
  8. Bread crumbs - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်

ကြက်သားအရသာနယ်ရန်

  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် Paper Towelနှင့် ခပ်ဖွဖွ သုတ်ပေးပါ
  • ရေခြောက်သွားပါက ကြက်ပေါင်သားကို အလယ်မှခွဲပြီး အရိုးပေါ်အောင်လှီးကာ အရိုးအသား သတ်သတ်စီဖြစ်အောင် လှီးပေးပါ
  • အသားများကို နနွင်းမှုန့် ဆား အရသာမှုန့် lemon pepper တို့နဲ့အရသာဝင်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာနယ်ပြီးပါက bread crumbs မှုန့်နဲ့ ကြက်သားပြား မျက်နှာပြင် ၂ဖက်လုံးကို ဖြူးပြီး ခပ်ဖွဖွ လူးပေးပါ
  • အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးကို ဆီအပူပေးပြီး ဆီပူလာပါက ကြက်သားကို ထည့်ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက် လှန်ပေးပြီး နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားကြော် မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးးနိုင်ပါပြီ။

No comments:

Post a Comment