Tuesday 13 June 2017

ဝက်သားစင်းကော အချိုကြော်


ဒီနေ့တော့ ၀က်သားစင်းကော အချိုကြော်လေးကြော်ကာ ထမင်းပူပူလေးနဲ့ စားရလေအောင် ပြင်ဆင်ဖြစ်လို့ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ၀က်သား - 300 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ

  • ၀က်သားကို အတုံးလိုက် ရဆေးပြီး ရေစစ်ထားပါ
  • ရေစစ်တာနဲ့ စဥ့်နီတုံးပေါ်တင်ပြီး အသားများ ကြေသွားတဲ့ထိ ဓါးနဲ့ နုတ်နုတ်စင်းပါ
  • စင်းထားသော အသားကို ဆား အရသာမှုန့် မဆလာ နနွင်းမှုန့်တို့နှင့်နယ်ပြီး ၁၀မိနစ်ေလောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပေးပြီး အကွင်းလိုက် ခပ်ထူထူ လှီးထားပါ
  • ကြက်သွန်ဖြူကို ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ခပ်သေးသေး အချောင်းရှည်လေးတွေ လှီးထားပါ
ဟင်းချက်ရန်
  1. ဆီကိုအပူပေးပြီး ဆီအငွေ့ တက်လာတာနဲ့  ၀က်သားစင်းကောများကို ထည့်ပြီးမွှေပေးပါ
  2. အသားများ လုံးမိတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးဖုံးကာ တည်ပေးပါ
  3. အိုးမကပ်စေရန် အသားကို မကြာမကြာ မွှေပေးပြီး ရေခမ်းအောင် တည်ပေးပါ
  4. ရေခမ်းလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ထည့်ပြီးကြော်ပါ
  5. ကြက်သွန်များ အရမ်းနွမ်းအောင် ကြော်စရာမ လိုတဲ့အတွက် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ မီးပိတ်ပေးကာ အရသာမြည်းပေးပါ
  6. အရသာကို လိုသလိုပြင်ပေးပြီး ၀က်သားစင်းကော အချိုကြော်ကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment