Tuesday, 6 March 2018

ကြက်​ဥ ပုဇွန်​​ခြောက်​နှပ်


ချက်နည်းလေး တခါတင်ပြီးသားပါ မာမာ့ သားနဲ့သမီး အရမ်းကြိုက်တဲ့ ကြက်ဥနှပ် ဖေးဖရိတ်ဟင်းလေးမို့ လွယ်ကူမြန်ဆန် ချက်စားနိုင်အောင် သတိတရနဲ့ ထပ်တင်ဖြစ်ခြင်းသာ ဖြစ်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၇လုံး (  ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ )
  • ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးစာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ပါးပါးလှီးပြီး ရေဆေးထားပါ )
  • ချင်း - လက်တဆစ်သာသာ (ခပ်ပါးပါး ခပ်ရိတ်ရိတ်လှီးထားပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲသာသာ
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၉ဇွန်း
ပြင်ဆင်ပုံ
  1. ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  2. ဆီပူလာတာနဲ့ လှီးထားသော ချင်းနှင့် ကြက်သွန်နီကို နွမ်းသွားအောင် ကြော်လိုက်ပါ
  3. ကြက်သွန်နွမ်းတာနဲ့ ကြက်ဥ အချိုမှုန့် ငံပြာရည် ပဲငံပြာရည်တို့ကို ထည့်မွှေပါ
  4. တမိနစ်လောက် မွှေပြီးတာနဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီးမွှေပေးပါ
  5. အားလုံး ၂မိနစ်လောက် ချက်ပေးပြီးပါက ကြက်ဥပုဇွန်ခြောက်နှပ် ချိုချိုမွှေးမွှေးလေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ

No comments:

Post a Comment