Sunday, 18 March 2018

အမဲသား အမွကြော်








အဝေးမှာ ရောက်နေတဲ့ သမီးလေးအတွက် ကြာကြာထားလို့ရပြီး စားလို့ကောင်းစေတဲ့ အမဲသားအမွ အချိုကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်တယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား – 1000 g
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၈ဇွန်းခန့်
  • ရေ - 2cups
ပြင်ဆင်ပုံ
  • အမဲသားကို ရေဆေးပြီး အမဲသားကို ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
  • ချင်းမှုန့်နှင့်အတူ ဆား နနွင်းမှုန့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ချင်းမှုန့် အမဲသား ဆား နနွင်းမှုန့် အရသာမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပြီး အနည်းဆုံး တနာရီလောက် နှပ်ထားပါ
  • ပြီးတာနဲ့ အိုးထဲရေထည့်၍ အဖုံးဖုံးကာ မီးအနေတော်နဲ့ တည်ထားပေးပါ
  • အသားအိုး တည်ထားစဉ် အရသာဝင်စေရန်နှင့် အသားအကျက်ညီစေရန် ၂ခါသုံးခါလောက် လှန်ပေးပါ
  • ရေတ၀က်လောက် ခမ်းသွားတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီး ရေခမ်းတဲ့အထိ တည်ပေးထားပါ
  • ရေခမ်းကာနီးပါက ဟင်းအိုးတူးပြီး ကပ်စေနိုင်တဲ့အတွက် သတိထားပြီး ကြည့်ပေးပါ
  • ရေအကုန်လုံး ခမ်းသွားတာနဲ့ အသားများကို အအေးခံပေးထားပါ
  • အသားများ အေးသွားတာနဲ့ တတုံးချင်းယူကာ အသားကို မွှပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသော အိုးထဲမှာဘဲ အသားနှင့်ဆီထည့်ကာ မီးအနေတော်နှင့် ကြော်ပေးပါ
  • မီးအရမ်း မပြင်းအောင် သတိထားပြီး ကြော်ပေးပါ
  • ကြွတ်ပြီးရွလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီဆိုတာနဲ့  မွှေးပြီးချိုနေသော အမဲသားအမွကြော်ကို နှစ်သက်သလို စားနိုင်အောင် ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment