Saturday 24 March 2018

ကြက်သားအမွ အချိုကြော်









မိဘတွေနဲ့ အဝေးမှာ ကျောင်းသွားတက်နေတဲ့ သမီးလေးအတွက် ကြာကြာထားလို့ရပြီး စားလို့ကောင်းစေတဲ့ ကြက်အမွ အချိုကြော်လေး ကြော်ဖြစ်လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေလိုက်တယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား – 1000 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီ - တစ်လီတာခွဲခန့်
  7. ရေ - လိုသလောက် 

ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးထားပါ
  • ချင်းမှုန့်နှင့်အတူ ဆား နနွင်းမှုန့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ချင်းမှုန့် ကြက်သား ဆား နနွင်းမှုန့် အရသာမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပြီး အနည်းဆုံး တစ်နာရီလောက် နှပ်ထားပါ
  • ပြီးတာနဲ့ အရသာဝင်အောင် နှပ်ထားသော ကြက်သားအိုးထဲ ရေထည့်၍ အဖုံးဖုံးကာ မီးအနေတော်နဲ့ တည်ထားပေးပါ
  • အသားအိုး တည်ထားစဉ် အရသာ ၀င်စေရန်နှင့် အသားအကျက် ညီစေရန် ကြက်သားကို နှစ်ခါသုံးခါလောက် လှန်ပေးပါ
  • ရေတစ်ဝက်လောက် ခမ်းသွားတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီး ရေခမ်းတဲ့အထိ တည်ပေးထားပါ
  • ရေခမ်းကာနီးပါက ဟင်းအိုးတူးပြီး ကပ်စေနိုင်တဲ့အတွက် သတိထားပြီး ကြည့်ပေးပါ
  • ရေအကုန်လုံး ခမ်းမသွားခင် အိုးထဲမှာဘဲ  ကြက်သားများကို ဖိဖိချေပေးပါ
  • ကြက်သားအသားများ ကျေသွားအောင် မွှေပေးပါ
  • ပြီးတာနဲ့ ပြုပ်ပြီး ချေထားသော အိုးထဲမှာဘဲ ဆီထည့်ကာ မီးအနေတော်နှင့် ကြော်ပေးပါ
  • မီးအရမ်း မပြင်းအောင် သတိထားပြီး ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ဆီအမြုပ်များ တက်လာပြီး ကြက်သားအသားများ ကြွတ်ပြီးရွလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီဆိုတာနဲ့  မွှေးပြီးချိုနေသော ကြက်သားအမွကြော်ကို နှစ်သက်သလို စားနိုင်အောင် ပြင်ဆင်ပေးနိုင်ပါပြီ။

1 comment:

  1. မမ ငရုတ်သီးစိမ်းကို ကြာရှည်ခံအောင် ဘယ်လိုခဲရသလဲရှင့်။

    ReplyDelete