Sunday, 11 March 2018

ငရုတ်သီးစိမ်း ဆားထောင်း







အိမ်မှာစိုက်ထားတဲ့ ငရုတ်သီးစိမ်းပင်တွေ သီးလွန်းတော့ စားလို့လဲမကုန်ဖြစ်နေပြီး ခဲထားတာတွေလဲ အများကြီး ဖြစ်နေတော့ အစပ်အရမ်းစားတဲ့ မာမာ့အတွက် ဒီနေ့ သတ်သတ်လွတ် ဆားထောင်းလေး ထောင်းလိုက်ပါတယ်။

အစပ်လေးပါမှ ထမင်းစားလို့ မိန်တတ်တဲ့ သူတွေအတွက် သတ်သတ်လွတ် ငရုတ်သီးစိမ်း ဆားထောင်း ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးစိမ်း - တဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့်မစားပါက ကြက်သားမှုန့် အစားထိုးပြီး ထောင်းနိုင်ပါတယ်
ပြင်ဆင်ပုံ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • ရေဆေးထားသော ငရုတ်သီးစိမ်းကို မွှေးသွားအောင် ဒယ်အိုဲးမှာ  ထည့်လှော်ထားပါ
  • လှော်ထားသော ငရုတ်သီးစိမ်းကို ဆားနှင့် အချိုမှုန့်တို့ထည့်ကာ ငရုတ်ဆုံထဲမှာ မညက်တညက် ထောင်းပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီးပါက ငရုတ်သီးစိမ်း ဆားထောင်းစပ်စပ်လေးကို မိမိနှစ်သက်ရာ ဟင်းပွဲများနှင့်တွဲဖက်ကာ စားပွဲပြင်ပေးနိုင်ပါပြီ။

1 comment:

  1. မမ ငရုတ်သီးစိမ်းကို ကြာရှည်ခံအောင် ဘယ်လိုခဲရသလဲရှင့်။

    ReplyDelete