Wednesday 24 January 2018

ငွေနှင်းမှိုပေါင်း




တပါတ်တခါ ချက်ဖြစ်တဲ့ သတ်သတ်လွတ် ဟင်းများထဲက ဟင်းတမယ်ပါ ထမင်းကို မိန်စေသလို စားလို့အရမ်းချိုတဲ့ မှိုအမျိုးအစားထဲမှာ ပါတဲ့အတွက် လွယ်ကူမြန်ဆန် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. oyster မှို - 250 g
  2. ကြက်သွန်နီ - တစ်ခြမ်း
  3. ကြက်သွန်ဖြူ -၂မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း  ၂ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. မှိုကိုရေဆေးပြီး ပုံပါအတိုင်း ထွင်ထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ  ဓါးပြားရိုက်ထားပါ
  4. ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  5. အိုးတလုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ ကြက်သွန်အဖြူ အနီတို့ကို နွမ်းရုံလေး ထည့်ကြော်ပေးပါ
  7. နွမ်းလာတာနဲ့ မှိုကို ထည့်မွှေပါ
  8. ပြီးတာနဲ့ ဆားထည့်မွှေပြီး ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး ရေခမ်းတဲ့ထိ တည်ပေးပါ
  9.  ရေခမ်းတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပြီးရင် အရသာချိုချိုမွှေးမွှေး မှိုနှပ်ချက်လေးရပါပြီ။

No comments:

Post a Comment