Thursday, 18 January 2018

အမဲသားအာလူး အရည်သောက်ဆမ်း



ဒီတခါတော့ အမဲသားအာလူး ချက်နည်းလေး မျှဝေလိုက်ပါတယ် အမဲသားအာလူးဟင်းက အရည်သောက်ဆမ်း ချက်ရင်တော့ အင်မတန်မှ စားလို့ကောင်းပါတယ် ထမင်းမိန်စေတဲ့ ဟင်းတမယ်မို့ ချက်ကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • အမဲသား အသားကောင်းကောင်း - 400g
  • အာလူး - အနေတော် ၃လုံး
  • ကြက်သွန်နီ - အနေတော် တဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင်အနု - ၂လက်မခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း ( တ၀က်ကို အရသာနယ်ပါ )
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို ဟင်းအရသာနယ်ပါ)
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း မောက်မောက်
  • ပျဉ်းတော်သိမ်းရွက် - ၂ခက်ခန့်
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ
  • အမဲသားတုံးကို အတုံးလိုက် ရေဆေးပြီးမှ အနေတော်လေးတွေ တုံးထားပါ
  • တုံးထားသော အသားများကို နနွင်းမှုန့် ဆား အချိုမှုန့်တို့နှင့် နယ်ပြီးနှပ်ထားပါ
  • ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီးမှုန့်နှင့် ညက်အောင်ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် တုံးပေးပြီး ရေစင်အောင်ဆေး၍ ရေစိမ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • အိုးတလုံးထဲမှာ ဆီထည့်ပြိး အပူပေးပါ ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ အမဲသားအရသာနယ်ကိုထည့်ကာ အသားများ မာလာအောင် ဆီသတ်ပြီး ချက်ပေးပါ
  • ဆီသတ်နေစဉ် ရေမထည့်ဘဲ အသားမှ ထွက်လာသော ရေခမ်းလာအောင် အဖုံးအုပ်ပြီး တည်ပေးပါ
  • လုံးရေခမ်းကာနီး ဟင်းလုံးမိပြီဆိုမှ အိုးအဖုံးဖွင့်ပြီး အထက်အောက် မွှေပေးကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ တည်ပေးပါ
  • ပထမ တရည်လောက်နဲ့  မနူးသေးရင် ရေထပ်ထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
  • အသားအရမ်း မနူးသေးခင် နောက်ဆုံးတကြိမ် ရေထပ်ထည့်ချိန်မှာ အာလူးကို တခါထဲထည့်ပေးပါ
  • အာလူးနှင့်အသား နူးပြီဆိုပါက အရသာမြည်း၍ လိုသလိုပြင်ကာ ဆီလည်ရေလည် အရည်သောက်ဆမ်းလုပ်ရ ပျဉ်းတော်သိမ်းရွက် အုပ်ပေးပြီးန် မီးပိတ်ပေးပါ
  • အမဲသားအာလူး ဆီလည်ရေလည် အရည်သောက်ဆမ်းဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ

No comments:

Post a Comment