Tuesday, 30 January 2018

ဗနီကာစိမ် မုံလာဥ ပိုးတီသုပ်










အခုရက်ထဲ မုံလာဥ ပိုးတီလေးတွေ စားရတာ ဓါတ်ကျနေပါတယ် အချဉ်ကို တနေ့တမျိုး မရိုးရအောင် အမျိုးမျိုးစိမ်ပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်နေတာကြောင့် သုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • မုံလာဥ - ဥကြီးကြီး ၂ဥ
  • ဗနီကာ လက်ဖက်ရည် အကြမ်းပန်းကန် တလုံးစာ (ပိုးတီစိမ်ရန်)
  • ဆား - ထမင်းစားဇွန်း တဇွန်း (ပိုးတီစိမ်ရန်)
  • ကြက်သွန်နီ - အနေတော် တလုံး
  • နံနံပင် - အနေတော် ၄ပင်ခန့်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း
  • ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း တဇွန်းသာသာ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တ၀က်သာသာ
ပိုးတီချဉ်ရအောင် ပြင်ဆင်ပုံ
  • မုံလာဥကို အခွံခွာပြီး ပိုးတီပုံစံရအာင်​ ​​လှီး​ပေးပါ
  • ပိုးတီပုံစံ လှီးရတာ အဆင်မပြေပါက ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • ဆားနှင့် ဗီနီကာကို အရည်ဖျော်ပြီး ဆားပျော်အောင် မွှေပေးပါ
  • မုံလာဥများကို ဖန်ပုလင်းသန့်သန့်ထဲထည့်ပြီး ဗီနီကာနှင့် ဆားဖျော်ရည် လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ မုံလာဥများ ရေမြုပ်အောင် ရေကျက်အေးလောင်းထည့်ပေးပြီး အဖုံးလုံအောင် အုပ်ထားပေးပါ
  • တရက်လောက်ထည့်ပေးပြီးရင် ပိုးတီချဉ် ရပါပြီ
အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ပိုးတီကို မိမိ စားနိုင်သလောက် ယူပါ
  • နံနံပင်​ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အထက်တွင် ရေးထားသော ပါဝင်ပစ္စည်း အားလုံးပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ မုံလာဥပိုးတီသုပ် ကြွတ်ကြွတ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment