Thursday, 29 December 2016

တရုတ်စတိုင်လ် ဆန်ပြားကြော်



နွေရာသီရောက်လေတော့ ထမင်းစား ပျက်လာသလိုလို ဖြစ်လာခဲ့တယ် ဒါကြောင့်မို့လို့ ဒီတခါမှာ တရုတိစတိုင်လ် ဆန်ပြားကြော်နည်းနဲ့ ကြော်စားဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး တမွှာ
  • ခပ်ပါးပါး လှီးထားသော ကြယ်သီးမှို  - အနေတော် ၅ပွင့်
  • ရေစိမ်ပြီး ခပ်ပါးပါးလှီးထားသော ဂျပန်မှို - အခြောက် ၅ပွင့်
  • အသင့်ကြော်နိုင်သောဆန်ပြား - 500g
  • အနေတော်လှီး ထားသော ဘရိုကိုလီ - ၁၀ခက်ခန့်
  • အနေတော် လှီးထားသော ပဲသီး ၅တောင့်ခန့်
  • အနေတော် လှီးထားသော မုံလာဥနီ - တဥ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဗီနီကာ ထမင်းစားဇွန်း တ၀က်သာသာ
  • ဆီ - စားပွဲတင်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ခပ်ပါးပါးလှီးထားသော ကြက်ရင်ပုံသား  - ၁၅ခုခန့်
  • ကြက်ဥ - တလုံး
  • သခွားသီး - ခပ်သေးသေး တလုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • သံပုရာသီး - တခြမ်း
သခွားသီးအချဉ်တည်ရန်
  • သခွားသီးကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ငရုတ်သီးစိမ်းကိုလည်း ခပ်ပါးပါးလှီးပါ
  • ပြီးတာနဲ့  ဆားအနည်းငယ်နှင့် သံပုရာညှစ်ပြီး နယ်ထားပါ
ပြင်ဆင်ပုံ

  1. အသင့်ကြော်နိုင်သော ဆန်ပြားကို အဆင်သင့် ပြင်ထားပါ
  2. ကြက်ရင်ပုံသားကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  3. ကြက်သွန်ဖြူကို ခပ်နုတ်နုတ် စဉ်းထားပါ
  4. ကြက်သွန်နီကို အဖတ်လေးတွေ ရအောင်လှီးထားပါ
  5. မှိုကို ခပ်ပါးပါးလှီးထားပါ
  6. ဂျပန်မှိုကို ရေနူးအောင်စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  7. ဘရိုကိုလီကို အနေတော် လှီးထားပါ
  8. မုံလာဥနီကို အနေတော် လှီးထားပါ
  9. ကြက်ဥနှင့် ဗီနီကာကို ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက ကြက်သားကို အပေါ်ရံလေး တင်းရုံကြော်ပြီး ဆယ်ထားပါ
  • ထိုဆီထဲမှာဘဲ ကြက်ဥကို ဖောက်ထည့်ပြီး ကျက်အောင်မွှေကြော် ကြော်ပေးပါ
  • ကြက်ဥကြော်ထဲမှာဘဲ ပဲသီး ဘရိုကိုလီ ကြက်သွန်နီ ကြက်သွန်ဖြူ မှို မုံလာဥနီနှင့်မှိုခြောက်တို့ကို တမိနစ်လောက်ဘဲ ကြော်ပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော ကြက်သားကို သုံးမိနစ်လောက်ထည့် ကြော်ပေးပါ
  • နောက်ဆုံးမှ ဆား အရသာမှုန့်နှင့် ဗီနီကာထည့်ပြီး မွှေကြော် ကြော်ပေးပါ
  • အားလုံး သမသွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာ တမိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ သခွားသီးအချဉ်နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment