Wednesday 28 December 2016

အန္ဒိယစတိုင်လ် ကြက်သားဟင်း အစပ်ချက်


ဒီနေ့တော့ ကြက်သားကို အိန္ဒိယစတိုင်လ် မွှေးမွှေးလေး ချက်ဖြစ်လို့ စားမြိန်ဖွယ်ရာ ဟင်းလေးတစ်မယ်အတွက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်သား - 500 g 
  2. အုန်းနို့ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
  3. ကရဝေးရွက် - အရွက်ကြီးကြီး နှစ်ရွက်
  4. စမုံစပါး - ဆယ်စေ့ခန့်
  5. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  8. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်ဥ
  11. ချင်း - လက်တဆစ်ခန့်
  12. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  13. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း နှစ်ဇွန်း


လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  2. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  4. ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  5. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
  6. ငရုတ်သီးအရောင်တင်မှုန့် မဆလာ နနွင်းမှုန့် ဆား ကရဝေးရွက် စမှုံစပါး တို့ကိုပြင်ထားပါ
  7. အုန်းနို့နှင့် ခရမ်းချဉ်သီးဆော့ကို ပြင်ထားပါ
  8. ကြက်သားကို အနေတော်တုံးပြီး ရေဆေးထားပါ
ဟင်းချက်ရန် 
  • ဇောက်နက်သော ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ကရဝေးရွက်ကို ထည့်မွှေပါ ပြီးတာနဲ့ စမုံစပါး ကြက်သွန်ဖြူတို့ကို မွှေးလာအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ကြက်သွန်နီကိုထည့်ပြီး နွမ်းအောင် ကြော်လိုက်ပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ရေဆေးထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် မွှေမွှေပေးပြီး ဆီသတ်ပေးပါ
  • အသားများ မာကျစ်လာတဲ့အထိ ရေမထည့်ဘဲ မွှေပေပြီး ဆီသတ်ပါ
  • ပြီးတာနဲ့ ချင်း မဆလာ ဆား အရသာမှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး မွှေပေးပါ
  • အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ဆယ်မိနစ်လောက် ဆီသတ်ပြီးတာနဲ့ အုန်းနို့ထည့်မွှေကာ အဖုံးခနအုပ်ထားပါ
  • အိုးထဲမှ ဆီသံကြားတာနဲ့ အိုးအဖုံးဖွင့်ပြီး သမအောင် မွှေပေးပါ
  • ဟင်းနံ့မွှေးလာမှ ခရမ်းချဉ်သီးဆော့ထည့်ပြီး မွှေပေးကာ အဖုံးအုပ်ပြီး ထပ်တည်ပေးပါ
  • ပြီးတာနဲ့ ရေကိုမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် ဆက်တည်ပေးပါ 
  • ရေပွက်ပွက်ဆူတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိန္ဒိယစတိုင်လ် ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment