Monday 12 December 2016

ပန်ကိတ်





ဒီနေ့တော့ မနက်စောစော ဘာလေးစားရင် ကောင်းမလဲလို့ တွေးနေရင်းက က်ာဖီပူပူလေးနဲ့ သောက်နိုင်ဖို့ အတွက် ဒီတစ်ခါတော့ လွယ်ကူမြန်ဆန်ပြီး လုပ်ရလွယ်ကူတဲ့ ပန်ကိတ်လေးကို လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဂျုံ - 150 g
  2. Baking powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ရေ - 250 ml
  4. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်ဥ - တစ်လုံး
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ

  • အရင်ဆုံး ဇလုံတစ်ခုထဲတွင် ဂျုံမှုန့်နှင့် Baking powderကို သမအောင် ရောမွှေပေးပါ
  • ပြီးမှ တစ်ခြားပါဝင် ပစ္စည်းများဖြစ်သော သကြား ကြက်ဥ ဆား နှင့် ရေ အားလုံးတို့ကို ရောမွှေလိုက်ပါ
  • ပန်ကိတ်မုန့်နှစ် အရည်ကို ချောမွှေ့လာသည်အထိ ခပ်နာနာ ခလောက်ပေးပါ
  • ပန်ကိတ်မုန့်နှစ် အရည်က မပျစ်မကျဲ  အနေထား ရနေရပါမယ်
  • ပြီးလျှင် အောက်ခြေမကပ်သော  ဒယ်အိုး (non-stick pan) ကို ဆီအနည်းငယ် သုတ်ပြီး အပူပေးပါ
  • အိုးပူလာတာနဲ့ ပန်ကိတ်အရည်ကို ယောက်ချိုဇွန်း တစ်ဝက်လောက် ထည့်ပေးပြီး အဖုံးခန အုပ်ပေးပါ
  • မုန့်သားပွလာတာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး  မုန့်သားကျက်လာလျှင် ဆယ်ပေးပါ
  • မုန့်နှစ်ရည် ကုန်တဲ့အထိ ပန်ကိတ်များကို လုပ်ပေးပါ
  • မုန့်သားအားလုံး ပန်ကိတ်လုပ်လို့ ပြီးတာနဲ့ အသင့်စားနိုင်သော ပန်ကိတ် ချိုချိုစိမ့်စိမ့်လေးကို ရရှိပါပြီ။

No comments:

Post a Comment