Thursday 22 December 2016

ဆိတ်ရိုးပြုပ်







ဆိတ်ရိုးစွပ်ပြုပ် ပြုပ်နည်းလေး မေးထားတာ ကြာနေပါပြီ စားဖို့လူမညီတာရယ် ပြုပ်စရာအရိုး မရတာရယ်ကြောင့် မပြုပ်ဖြစ်ခဲ့ပေမဲ့ ဒီနေ့တော့ အရိုးအသား တွဲနေတဲ့ ကြောရိုးကိုဘဲ ပြုပ်ဖြစ်တာမို့လို့ ပြုပ်နည်းလေး တင်ပေးလိုက်ပါတယ်။

တစ်ချို့က ဆိတ်ရိုးစွပ်ကို ချင်းထည့်ပြုပ်ကြပါတယ် မာမာကတော့ ကရဝေးရွက်ရယ် သစ်ဂျပိုးခေါက်ရယ် ပါနေတဲ့အတွက် ချင်းမထည့်ဘဲ ပြုပ်ထားပါတယ် ထည့်ပြုပ်ချင်သူတွေ ပြုပ်နိုင်အောင် ချင်းအချိုးအစားလေးပါ ရေးပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးအသားတွဲနေသော ဆိတ်ရိုး - 1 kg
  2. ချင်း -  တစ်လက်မခန့် 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်နှစ်မွှာခန့်
  4. ကရဝေးရွက် - လေး ရွက်ခန့်
  5. သစ်ဂျပိုးခေါက် - နှစ်လက်မခန့်
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ

  • ဆိတ်ရိုးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ၄မွှာခန့်ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်ကို ရေဆေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ဆိတ်ရိုး ချင်း ကရဝေးရွက် ကြက်သွန်ဖြူ ဆား နှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေကိုပွက်ပွက် ဆူအောင်တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး အပေါ်ယံမှာ အမြှပ်များ တက်လာပါက အပေါ်ယံ အမြှုပ်များ ခပ်ပြီးသွန်ပေးပါ
  • ဆိတ်ရိုးအနံ့ ပျောက်လာအောင် နာရီဝက်လောက် အရင်ပြုပ်ပေးပြီး တက်လာသမျှ အမြုပ်များကို ခပ်ပြီးသွန်ပေးပါ
  • ဆိတ်ရိုး အမွှေးနံ့သင်းလာတာနဲ့ ရေလိုသလောက်ထည့်ကာ ဆားနှင့်အချိုမှုန့်ကို သင့်သလို ထည့်ပေးပြီး ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည်အရသာမြည်းပြီး ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ ဆိတ်ရိုးစွပ်ကောင်းကောင်းလေး ရမှာ ဖြစ်ပါတယ်။
  • အဆင်သင့်ဖြစ်တာနဲ့ ပာင်းရည်သောက်ရန် ငရုတ်သီးတောင့်နီ နံနံပင် သံပုရာသီးတို့ထည့်ကာ ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment