မာမာတို့အိမ်ရဲ့ ထမင်းဝိုင်းလေးမှာ များသောအားဖြင့် ကန်စွန်းရွက်ကို သတ်သတ်လွတ်လေးဘဲ ကြော်ဖြစ်တာ များပါတယ်။
ဒီနေ့လဲ ပဲပုတ်စေ့လေးတွေနဲ့ သတ်သတ်လွတ် ကြော်ဖြစ်လို့ လွယ်ကူမြန်ဆန် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကန်စွန်းရွက် - လက်တဆုတ်စာ တစ်စည်း
- ပဲပုတ်စေ့ - သင့်တော်ရုံ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
- ငရုတ်သီးစိမ်း - စားနိူင်သလောက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- အားလုံးအဆင်သင့် ဖြစ်ပါက ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
- ဆီအငွေ့ တက်လာတာနဲ့ နနွင်းမှုန့်နှင့် ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပေးပါ
- ကြက်သွန်ဖြူ နွမ်းတာနဲ့ ကန်စွန်းရွက်များထည့်ပြီး အချိုမှုန့်ကို တစ်ခါထဲ ထည့်မွှေပါ
- နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ပဲပုတ်စေ့နှင့် ငရုတ်ကောင်းမှုန့် ဖြူးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ပူနေတုန်းလေး ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment