ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မဆလာနံ့ မွှေးမွှေးလေးနဲ့ ပဲကုလားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကုလားပဲခြမ်းပဲဆံ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
- ခရမ်းသီး - အရှည် နှစ်လုံး
- အာလူး - ခပ်ကြီးကြီး နှစ်လုံး
- ရုံးပတေသီး - နှစ်သက်သလောက်
- မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
- ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (သို့မဟုတ်)
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပဲပြုပ်ထဲထည့်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တစ်ဆစ်ရဲ့တစ်၀က်
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
ပြင်ဆင်ပုံ
- ကုလားပဲခြမ်း ပဲဆံကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ နနွင်းမှုန့် ထည့်ပြီး ပဲနူးသွားအောင် ပြုပ်ထားပါ
- ရုံးပတေသီးကို အတောင့်လိုက် ရေဆေးထားပြီး ထိပ်နှစ်ဖက်ကို ဖြတ်ကာ အတောင့်ရှည်လျှင် ပိုင်းထားပါ
- အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေဆေးထားပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေစိမ်ထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တစ်ဆစ်အရွယ် တုံးထားပါ
- ခရမ်းသီးကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးပြီး ရေစိမ်ထားပါ
- ပျဉ်းတော်သိမ်းရွက်များကို ရေဆေးပြီး ရေစစ်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကိုထည့်ပြီး ဆီသတ်ပါ
- ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အာလူးနှင့် ခရမ်းသီးများကို ရေစစ်ပြီး ထည့်ပေးကာ ဆီသတ်ပေးပါ
- အသီးအရွက်များ ထည့်ပြီးတာနဲ့ဆား (သို့မဟုတ်) ငံပြာရည်ကို တစ်ခါထဲ ထည့်မွှေပေးပါ
- အသီးများ နည်းနည်း နွမ်းလာတာနဲ့ ပဲပြုပ်ထားသော ဇောက်နက်သည့် အိုးတစ်လုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
- အသီးများ နူးများလာတာနဲ့ ရေစိမ်ထားသော မန်ကျည်းသီးမှည့်ကို လက်နဲ့ဖျော်ပြီး မန်ကျည်းရည်ကို ထည့်ပေးပါ
- ဟင်းရည်ပွက်ပွက် ဆူလာပါက မဆလာ ရုံးပတေသီးနှင့် အရသာမှုန့်ထည့်ပြီး မွှေပေးကာ အရသာကို လိုသလိုပြင်ပြီး သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment