Sunday 10 September 2023

Oyster Mushroom မုန့်ညှင်းစိမ်းကြော်


 ဒီနေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ် စားလို့ရလေအောင် oyster မှိုနဲ့ မုန့်ညှင်းစိမ်းကို ကြော်ပါတယ်

အရမ်းလွယ်လွန်းတဲ့ အသီးအရွက် ကြော်နည်းဖြစ်တဲ့အတွက် သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် မှို မုန့်ညှင်းစိမ်း အလွယ်ကြော်နည်းလေးရအောင် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ညှင်းစိမ်း - လက်တစ်ဆုတ်စာ တစ်စည်း
  2. Oyster mushroom - အနည်းငယ်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • မုန့်ညှင်းစိမ်းကို အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  • မှိုကို ရေဆေးကာ အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ပြီးတာနဲ့ မုန့်ညှင်းရွက်နှင့် မှိုများထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး ပူနေတုန်း ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိူင်ပါပြီ။

No comments:

Post a Comment