ဒီနေ့တော့ ဈေးသွားတာ ကြက်ဟင်းခါးသီးလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ကြက်ဟင်းခါးသီးကို ဝက်သားနဲ့ ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး သုံးလုံး
- ဝက်သား - တစ်ဆယ့်ငါးကျပ်သား
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းချက်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က် (ဟင်းချက်ရန်)
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း (ဟင်းချက်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဝက်သားပြုပ်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဝက်သားပြုပ်ရန် )
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်ဟင်းခါးသီးပြုပ်ရန်)
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း ( ကြက်ဟင်းခါးသီးပြုပ်ရန်)
ဝက်သားပြုပ်ရန်
- ဝက်သားကို ရေဆေးပြီး အိုးထဲထည့်ကာ ဆား နနွင်းမှုန့်တို့ထည့်ကာ အရသာ နယ်ပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
- ရေခမ်းလာပါက မီးပိတ်ပေးပြီး အနေတော် အတုံးလေးတွေ တုံးပေးထားပါ
ကြက်ဟင်းခါးသီးပြုပ်ရန်
- ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ အလုံးလိုက် ခပ်ထူထူလှီးပေးပါ
- အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ပြီးတာနဲ့ အိုးထဲမှာ ရေခပ်များများ ထည့်ကာ ဆားနှင့်ဆီထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ ကြက်ဟင်းခါးသီးများထည့်ကာ နှစ်မိနစ်ခန့် ပြုပ်ပေးပါ
- ပြီးတာနဲ့ ပြုပ်ထားသော ရေများသွန်ပေးကာ ရေစစ်ထားပါ
ဟင်းချက်ရန်ပြင်ဆင်ပုံ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် စဉ်းထားပါ
- အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
- ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
- ကြက်ဟင်းခါးသီး နွမ်းပြီဆိုတာနဲ့ ဝက်သားကို တစ်မိနစ်လောက် ထည့်ကြော်ပြီးတာနဲ့ ကြက်ဟင်းခါးသီးကို ထည့်ကြော်ပေးပါ
- ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပြီး တစ်မိနစ်လောက် ပြည့်တာနဲ့ ရေ ထမင်းစားဇွန် သုံး ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးမအုပ်ဘဲ ကြော်ပေးပါ
- ဟင်းအိုးမကပ်စေရန် အိုးကိုမမွှေဘဲ မကြာမကြာ လှုပ်လှုပ်ပေးပါ
- ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်ဟင်းခါးသီးကြော်ကို စားဖို့ပြင်ဆင်နိုင်ပါပြီ။
No comments:
Post a Comment