Thursday 21 September 2023

သီးစုံကော်ရည်

 



 


သီးစုံကော်ရည် ချက်တဲ့နေ့က ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ အသားမပါပေမဲ့ အချို အချဉ် အငံအရသာ ပိုထားပြီး အသီးအနှံတို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့အတွက် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ချိုချဉ်ဟင်းမို့လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပါ၀င်ပစ္စည်းများ
  1. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. အနေတော် လှီးထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  3. အနေတော် လှီးထားသော ပနိးဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  4. အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  5. သေးသေးရှည်ရှည်လေးတွေ လှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  6. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  7. ခရမ်းချဉ်သီး - နှစ်လုံး ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  8. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  9. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း သုံးဇွန်း 
ကော်ရည်ဖျော်ရန်
  • အသီးအရွက်မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက်ကြော်ရန်
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထဲ့ပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ တရုတ်နံနံနှင့် ခရမ်းချဉ်သီးမှလွဲပြီး အားလုံးကို ထဲ့ကြော်ပေးပါ
  • နှစ်မိနစ်လောက်ဘဲ ကြော်ပေးပါ အရွက်များနွမ်းလျှင် စားလို့မကောင်းပါ
  • အရွက်များ အရမ်းမနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ခရမ်းချဉ်သီးနှင့် တရုတ်နံနံ ထဲ့မွှေပြီးတာနဲ့ မီးပိတ်ပေးပါ
  • ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment