အခုရက်ထဲ ငါးပိချက်လေးတွေ စားချင်လို့ တစ်နေ့တစ်မျိုးနည်းပါး ချက်စားဖြစ်ပါတယ် ဒီနေ့တော့ မျှစ်ပြုပ်ပြီးသား အထုတ်လေးတွေ ဝယ်လာပြီး က ကတစ်ငါးကင်နဲ့ ချဉ်ငံစပ် ငါးပိချက်လေး ချက်ဖြစ်ပါတယ်။
ချက်ရတာ လွယ်ကူပြီး ထမင်းစားလို့ မြိန်စေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မျှစ်ပြုပ်ပြီးသား - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
- က ကတစ်ငါးကင်ပြီးသား - မိမိနှစ်သက်သလောက်ထည့်ပါ
- ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့်
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
- မျှစ်ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
- က ကတစ်ငါး ကင်ပြီးသားကို အသားထွင်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး အကြမ်းဖတ်များကို အဆင်သင့် ပြင်ပေးထားပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးနှင့် ပုဇွန်ခြောက်တို့ကို မညက်တစ်ညက် ထောင်းပေးပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
ငါးပိချက်ချက်ပုံ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ကြက်သွန်ထောင်းကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ မျှစ် ငါးငံပြာရည် ဆားနှင့် အရသာမှုန့်တို့ ထည့်ကာ မွှေပေးပါ
- ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပြီး သံပုရာရည် ထည့်ပေးပါ
- ပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ ချဉ်ငံစပ် အပေါ့အငံကို ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ မျှစ် ငါးပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာ အစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment