မနေ့က ဈေးသွားရင်း Oyster mushroom လေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး သတ်သတ်လွတ်လေး စားရအောင် မှိုဆီကြော်လေး ကြော်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Oyster mushrooms - 500 g
- ကြက်သွန်နီ - အနေတော် သုံးလုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရညိဇွန်း တစ်ဝက်သာသာ
- ဆီ - လိုသလောက် သုံးပါ
ပြင်ဆင်ချက်ပြုပ်ပုံ
- မှိုများကို ရေဆေးပြီး ရေစစ်ထားပါ
- မှိုများ ရေစစ်သွားပါက ခပ်မွမွလေးတွေရအောင် မွှာထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မှိုများထည့်ကာ ကြော်ပေးပါ
- မှိုထဲမှ ရေများခမ်းလာပြီး အနည်းငယ် ကြွတ်လာပါက ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို ထည့်ကြော်ပေးပါ
- ကြော်ထားတာတွေ သမသွားပါက ဆားနှင့်အရသာမှုန့်တို့ ထည့်မွှေပေးပါ
- မှိုများမွလာပါက မီးပိတ်ပေးပြီး မှိုဆီကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။
No comments:
Post a Comment