ဒီနေ့တော့ အသီးအရွက်လေးတွေ ဝယ်လာပြီး အစိမ်းကြော်လေး ကြော်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းလို့ ကြော်စားချင်ရင် ကြော်စားနိူင်အောင် မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပဲပင်ပေါက် - 225 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- မုံလာဥနီ - အနေတော် တစ်ဥ
- Lettuce leaves - အနေတော် တစ်စိတ်
- ဘေဘီမုန့်ညှင်း - အနေတော် ၃ခက်
- ပဲတောင့်ရှည် - ၅တောင့်
- တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း ၂ဇွန်း
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
အရသာစပ်ရန်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
- Lettuce leaves ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
- ဘေဘီမုန့်ညှင်းကို ရေဆေးပြီး လက်နှစ်လုံးလောက် အထူလေးတွေ လှီးထားပါ
- ပဲပင်ပေါက်ကို ရေစစ်ပြီး ရေစစ်ထားပါ
- တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
- ကြက်သွန်ဖြူနံ့ သင်းလာတာနဲ့ မုံလာဥနီ ပဲသီး ဘေဘီမုန့်ညှင်းတို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
- အရင်ဆုံး ထည့်ကြော်ထားသော အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ပဲပင်ပေါက်နှင့် lettuce leaves တို့ကိုထည့်ပြီး ကြော်ပေးပါ
- မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
- ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
- အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
- အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ တရုတ်နံနံထဲ့ပေးပြီး အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
- ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသီးအရွက် အစိမ်းကြော်လေး ရပါပြီ။
No comments:
Post a Comment