ဒီနေ့တော့ ဂွေးသီးလေးတွေ ဝယ်လာပြီး ချဉ်ချဉ်ငံငံ စပ်စပ်လေး သုပ်စားပါတယ် ရောဂါဘယတွေ ထူပျောနေတဲ့အချိန် အိမ်ထဲက အိမ်ပြင်ထွက်ဖို့ရာ တော်တော်လေး စဉ်းစားနေရသလို မစားဘဲလဲ မနေနိုင်တော့ ဈေးခနသွားရင်း မောမောပန်းပန်းနဲ့ ပြန်ရောက်ရောက်ချင်းဘဲ ဂွေးသီးသုတ်လေး သုပ်စားဖြစ်လို့ သုပ်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဂွေးသီးစိမ်း - အလုံး နှစ်ဆယ်ခန့်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
- ဂေါ်ဖီ - အနေတော် တစ်စိတ်
- ပုဇွန်ခြောက်ထောင်း - လက်ဖက်ရည်ဇွန်း သုံးဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
- ဂွေးသီးစိမ်းကို အညှာဖက်မှလှီးပြီး အခွံခွာကာ ရေနိုင်နိုင်ဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးပါ
- ပုဇွန်ခြောက်ကို မညက်တစ်ညက် ထောင်းပးပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ငရုတ်သီး အလှော်မှုန့် ဆီချက် အရသာမှုန့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်ပေးပါ
- ပြီးလျှင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ။
No comments:
Post a Comment