ဒီနေ့တော့ ဘာဆာငါး အရိုးထွင်ပြီးသားလေးတွေ ဝယ်လာပြီး ချဉ်ငံစပ် ငါးပိချက်ယောင်ယောင်လေး ချက်ပါတယ် တို့စရာ အစုံနဲ့ ထမင်းစားရမှာမို့လို့ ထမင်းတော့ မြိန်အုံးမှာ သေချာပါတယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ နည်းလေးကို မှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဘာဆာငါး - နှစ်ပြား
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ခရမ်းချဉ်သီး - အနေတော် သုံးလုံး
ပြင်ဆင်ပုံ
- ဘာဆာငါး အသားလွှာကို ခပ်ကြီးကြီး တုံးပေးပါ
- အသားလွှာထားသော ငါးတုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
- အားလုံးပြီးပါက ငါးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
- ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာတို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
- ဆီသတ်နံ့မွှေးလာပါက ခရမ်းချဉ်သီးကို ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အခွံများ လိပ်လာတဲ့အထိ ချက်ပေးပါ
- ခရမ်းချဉ်သီး အခွံများ လိပ်လာတာနဲ့ အရသာနယ်ထားသော ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
- ငါးအသား မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
- ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတခမ်း အချိန်မှာ ရေကိုလိုသလောက်ထည့်ပြီး ထည့်မွှေပေးပါ
- ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မိတ်တို့ အုပ်ပေးပါ
- ငါးငပိချက်ဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment