ဒီတစ်ခါတော့ ဝဥခေါက်ဆွဲလေးတွေ ဝယ်လာပြီးသတ်သတ်လွတ်လေး ကြော်စားဖြစ်ပါတယ် စားလို့ကောင်းပြီး အရသာ ကောင်းမွန်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝဥခေါက်ဆွဲ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်ဥ - တစ်လုံး
- မုန်လာဥနီ - အနတော် တစ်ဥ
- ပဲတောင့်ရှည် - ငါးတောင့်
- ဂေါ်ဖီ - တစ်စိတ်
- ရွှေပဲသီး - ဆယ့်ငါးတောင့်
- ကြက်သွန်မိတ် - နှစ်ပင်
- ငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း - ရှစ်ဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ဝဥခေါက်ဆွဲက်ို ရေမြုပ်အောင်ထည့်ပြီး နာရီ၀က်လောက် ရေစိမ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ်စိတ်ပြီး အဖတ်လေးတွေ ရလာအောင် ခွာထားပါ
- ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ရွှေပဲသီးကို အကြောသင်ပြီး ရေဆေးကာ ရေစစ်ထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်းလှီးကာ ရေစစ်ထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးပေးပြီး ရေစစ်ထားပါ
- ပဲသီးကို ရေဆေးပြီး အနေတော်လှီးကာ ရေစစ်ထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တစ်ဆစ်ခန့် လှီးထားပါ
- ဇလုံတစ်လုံးထဲမှာ ကြက်ဥကိုထည့်ပြီး ခလောက်ထားပါ
- ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
- ရေစိမ်ထားသော ဝဥခေါက်ဆွဲ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
- ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ငံပြာရည်အကြည် ငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီမွှေးတို့ကို အရသာ သမအောင် စပ်ပေးထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီကိုထည့်ပါ
- ဆီပူလာပါက ကြက်သွန်ဖြူ ကို မွှေးသွားအောင် အရင်ဆုံး ကြော်ပေးပါ
- ကြက်သွန်နံ့ဖ မွှေးလာတာနဲ့ ရွှေပဲသီးနှင့် ကြက်သွန်မိတ်မှလွဲပြီး ကြက်သွန်နီနှင့် အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
- ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
- ကြက်ဥကျက်တာနဲ့ ဝဥခေါက်ဆွဲကိုထည့်ပြီး အရသာ စပ်ထားသော အရည်တို့ကိုထည့်ကာ သမအောင် မွှေပေးပါ
- အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ဝဥခေါက်ဆွဲများ ပျော့သွားအောင် ခနထားပေးပါ
- ဝဥခေါက်ဆွဲများ ပျော့လာပါက အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ရွှေပဲသီး ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်ထည့်ပြီး အရသာနှံ့အောင် မွှေပေးကာ ဝဥခေါက်ဆွဲကြာ်ကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment