တစ်နေ့တစ်နေ့ ဘာချက်ရမလဲ စဉ်းစားလိုက် စဉ်းစားထားတဲ့ အတွေးတွေက ပျောက်သွားလိုက်နဲ့ COVID19 ကြောင့် စျေးလဲမသွားချင်တာနဲ့ အိမ်မှာရှိတာလေး ဟင်းပွဲတစ်ပွဲ ဖြစ်အောင် ကြံရဖန်ရပြန်ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်သားလုံး အစိမ်းကြော် တစ်ပွဲအတွက် ရှိတာလေးနဲ့ အဆင်ပြေအောင် ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 150 g
- မုံလာဥနီ - အနေတော် တစ်ဥ
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ကြက်သွန်မိတ် - နှစ်ပင်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်ဥ - တစ်လုံး
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - လိုသလောက် သုံးပေးပါ( ကြက်သားလုံးကြော်ရန်)
- ဆီ - ထမင်းစားဇွန်း လေးဇွန်း (အစိမ်းကြော်ကြော်ရန်)
ကြက်သားအရသာနယ်ရန်
- ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပြောင်းကော်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ကြက်ဥ - တစ်လုံး (အကာဘဲယူပါ)
ပြင်ဆင်ပုံ
- ကြက်သားကို အတုံးလိုက် ရေဆေးပြီး ခပ်သေးသေး အမြှောင်းလေးတွေလှီးကာ အရသာ နယ်ထားပါ
- ကြက်ဥအကာကို ခလောက်ထားပါ
- ပြောင်းကော်မှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်လေး ဖျော်ထားပါ
- အရသာ နယ်ထားသော ကြက်ဥနှင့် ကော်မှုန့် အရည်ဖျော်ထားတာတို့ကို ရောပြီး နယ်ပေးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
- ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို တစ်တုံးချင်း အိုးဆန့်သလောက် ထဲ့ကြော်ပေးပါ
- ကြက်သားလုံးကြော် တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
- ကြက်သွန်နွမ်းတာနဲ့ ပဲငံပြာရည် အကြည် မုံလာဥနီ ဆားနှင့် အရသာမှုန့်တို့ကို နှစ်မိနစ်လောက်ဘဲ ထည့်ကြော်ပါ
- ပြီးတာနဲ့ ကြော်ထားသော ကြက်ကြော်ကိုထည့်ပြီး မွှေပေးပါ
- ကြက်သားလုံးကြော်ကို ထည့်ပြီးတာနဲ့ ပဲငံပြာရည်ထည့်ပေးပြီး အရသာ သမအောင် မွှေပေးပါ
- ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးကာ ကြက်သွန်မိတ်ထည့်ပြီး မွှေပေးပါ
- ချိုစိမ့်စိမ့်လေး ကြက်သားလုံးကြော်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment