ဗီယက်နမ်ဈေးကအပြန် မန်ကျည်းသီးစိမ်းလေးတွေ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်ေ ငါးပိချက်လေးလး ချက်ထားပါတယ် ဒီတစ်ခါချက်တဲ့ မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်နေတဲ့အတွက် ပြင်ဆင်ပုံလေးလဲ ပြောပြထားပါတယ်။
ငါးပိချက်က ပုဇွန်ခေါင်းချိုးလေးတွေလေးတွေနဲ့ချက်ရင် ပိုပြီးစားလို့ကောင်းပါတယ် ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ပုဇွန်ခေါင်းချိုးလေးတွေနဲ့ ချက်ထားပါတယ်။
ပါ၀င်ပစ္စည်းများ
- မန်ကျည်းသီးစိမ်း - အနေတော် ၁၅၀တောင့်လောက်
- ပုဇွန်ခေါင်းချိုး - နှစ်ဆယ်သား
- ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး (ခပ်ပါးပါးလှီးရန်)
- ကြက်သွန်နီ - အနေတော် နှစ်လုံး (ထောင်းရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်း
- ငရုတ်သီးစိမ်း - စားနိူင်သလောက်ငါး
- ငံပြာရည် - ထမင်းစားဇွန်း ခြောက်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း
ပြင်ဆင်ပုံ
- မန်ကျည်းသီးစိမ်း အခွံမှာ ကပ်နေသော အညိုရောင် အပေါ်ယံများ ကျွတ်သွားအောင် ဓါးနှင့် ခြစ်ပေးပါ။
- မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်တဲ့အတွက် အစေ့များထုတ်ရန် ထက်ခြမ်းခြမ်းကာ အစေ့များ ထုတ်ပေးပါ။
- ပြီးတာနဲ့ ရေသုံးထပ်လောက်ဆေးပြီး ရေစစ်ကာ မညက်တညက် ထောင်းပေးထားပါ။
- ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ပြီး ကြောဖက်မှ အမည်းကြောင်းကို ဖယ်းထားပေးပါ။
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရဆေးထားပါ။
- ကြက်သွန်နီ နှစ်လုံးသို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
- ငရုတ်သီးမှုန့်ကို ပြင်ထားပါ။
- ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်တို့ကို ရောပြီး ထောင်းပေးပါ။
- နနွင်းမှုန့် ဆီ ငံပြာရည် အရသာမှုန့်တို့ကို ပြင်ထားပါ။
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထည့်ပေးပါ။
- ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းအောင်ထည့်ကြော်ပေးပါ။
- ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ကြော်ပေးပါ။
- ငရုတ်သီးနံ့သင်းလာတာနဲ့ ပုဇွန်များကို ထည့်မွှေပေးပါ။
- ပုဇွန်များ မာလာတာနဲ့ ငံပြာရည်နှင့်အရသာမှုန့်ကိုထည့်မွှေပေးပါ။
- ပြီးတာနဲ့ ထောင်းထားသော မန်ကျည်းသီးစိမ်းကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ။
- ရေခမ်းပြီး ဆီမပြန်ခင်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
- အရသာ မြည်းပြီးတာနဲ့ဆီပြန်ပြီး အနည်းငယ်ေ ခြောက်လာအောင် မီးအေးအေးနဲ့ တည်ပေးပါ။
- ပြီးတာနဲ့ငရုတ်သီးစိမ်းလေးတွေ ထည့်မွှေပေးကာ မီးပိတ်ပေးပါ။
- ချဉ်ငံစပ်မွှေး မန်ကျည်းသီးစိမ်း ငါးပိချက်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment