ဒီနေ့တော့ ပင်မှည့်သီးလေးတွေ ဝယ်လာပြီး ဖျော်ရည်လေး လုပ်သောက်ဖြစ်ပါတယ် တခါတလေ အရမ်းဈေးကြီးပြီး တခါတလေ ဈေးချတဲ့ အချိန်ဆို အရမ်းတန်တဲ့အတွက် ခပ်များများလေး ဝယ်ကာ လိုတဲ့အချိန် ထုတ်သုံးလို့ရအောင် သိမ်းထားဖို့အတွက် ပြင်ဆင်ဖြစ်ပါတယ်။
ပင်မှည့် အသီးလေးတွေ ဈေးက၀ယ်လာတိုင်း စားဖြစ်တာက တခါစားရင် တစ်လုံးနှစ်လုံးလောက်ပါဘဲ ပိုနေတာက များနေတော့ တခါတလေ အသိမ်းမတတ်ရင် အထားမခံဘဲ နွမ်းချင်နွမ်း မနွမ်းရင် ပုတ်ကုန်တတ်ပါတယ် အဲဒီလို မဖြစ်အောင်ရအောင် ခပ်ကြာကြာလေး အထားခံအောင် သိမ်းထားနိုင်တဲ့ နည်းလေး ပြင်ဆင်သိမ်းဆည်းနည်းလေး မျှဝေပေးလိုက်ပါတယ်။
သိမ်းဆည်းနည်း
- အသီးများကို အပေါ်ဖက်မှ လှီးပေးပြီး အဖုံးပုံစံလေး ဖွင့်ပေးပါ
- ကော်ဗူးသန့်သန့်လေးတွေကို ရေခြောက်အောင် နေလှန်းထားပါ
- ထိုဗူးလေးတွေထဲကို အသီးထဲမှ အစေ့နှင့် အရည်များကို ဇွန်းနှင့်ခပ်ထည့်ပေးပါ
- ကော်ဗူးထဲကို ထည့်ပြီးတာနဲ့ အဖုံးလုံအောင် ဖုံးထားပေးပါ
- ပြီးတာနဲ့ ရေခဲသေတ္တာခဲတဲ့ အကန့်ထဲမှာ ထည့်ထားပေးပါ
- လိုအပ်တဲ့အခါ ယူသုံးမယ်ဆိုရင်လဲ မသုံးခင် ကြိုထုတ်ထားပေးပါ
- ပြီးတာနဲ့ မိမိနှစ်သက်သလို စားသုံနိုင်ရန် ပြင်ဆင်ပြီး စားနိုင်ပါပြီ။
No comments:
Post a Comment