Thursday 13 June 2019

စပါးလင်သိမ်းနည်း





ဗီယက်နမ် စျေးကအပြန် စပါးလင်လေးတွေ လတ်လတ်ဆတ်ဆတ် တွေ့တာနဲ့ ဝယ်ထားပြီး တခါထဲလဲ စားမကုန်လေတော့ တာရှည်ခံအောင် ရေခဲသေတ္တာ ခဲတဲ့အကန့်လေးထဲမှာ သိမ်းထားနိူင်တဲ့ သိမ်းနည်းလေး မျှဝေလိုက်ပါတယ်။

သိမ်းဆည်းနည်း

စပါးလင်များကို ရေဆေးပြီး ရေစစ်ကာ ဓါးပြတ်ပြတ်နှင့် ခပ်ပါးပါးလေးတွေ လှီးပေးပါ
ဟင်းတခါချက်စာ ကော်ဗူးသန့်သန့်လေးတွေကို ရေဆေးပြီး ရေခြောက်အောင် နေလှန်းထားပါ
ထိုဗူးလေးတွေထဲကို လှီးထားသော စပါးလင်များ ထည့်ပေးပါ
ထိုကော်ဗူးထဲကို ထည့်ပြီးတာနဲ့ အဖုံးလုံအောင် ဖုံးထားပေးပါ 
ပြီးတာနဲ့ ရေခဲသေတ္တာခဲတဲ့ အကန့်ထဲမှာ ထည့်ထားပေးပါ 
ဟင်းချက်ရန် လိုအပ်တဲ့အခါ ယူသုံးမယ်ဆိုရင်လဲ မသုံးခင် တနာရီလောက် ကြိုထုတ်ထားပေးပါ
ပြီးတာနဲ့ မိမိနှစ်သက်သလို ဟင်းခပ်အမွှေးအကြိုင်များနှင့် ရောထောင်းကာ ဟင်းအနှစ်အဖြစ် ချက်ပြုပ်ရန် ပြင်ဆင်ပြီး ချက်ပြုပ်နိူင်ပါပြီ။

No comments:

Post a Comment