Friday 5 April 2024

Oyster mushroom ချဉ်ငံစပ်သုပ်

 



ဒီနေ့တော့ Oyster mushroomလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် မှိုလေးတွေကို အသုပ် သုပ်စားတဲ့ အထဲမှာ ချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်သလို ထမင်းပူပူလေးနဲ့လဲ လိုက်ဖက်ပါတယ်။

ဒါကြောင့်မို့လို့ မိမိတို့ နှစ်သက်သလို စားသုံးနိူင်ဖို့ရာ  မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. Oyster mushroom - 400 g
  2. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  3. ငရုတ်သီး အလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ကြက်သွန်ဖြူ-  အမွှာကြီးကြီး လေးမွှာ
  6. ကြက်သွန်နီ - အနေတော် တစ်ဉ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ

  • Oyster mushroomမှိုမှ မလိုတာတွေ ဖယ်ထုတ်ပေးပြီး ရေဆေးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေဆေးပြီး မှိုများကို ထည့်ထားပါ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ထားသော ရေနွေးအိုးထဲကို မှိုများထည့်ပြီး ငါးမိနစ်လောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ကာ အအေးခံထားပါ
  • မှိုများ အေးသွားတာနဲ့ မိမိနှစ်သက်သလို လှီးပေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ

အသုပ် သုပ်ရန်ပြင်ဆင်ပုံ

  • ဇလုံခပ်ကြီးကြီးထဲမှာ ပါ၀င်ပစ္စည်းများ အားလုံးကို ထည့်ပေးကာ သံပုရာရည် ညှစ်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့  အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့ Oyster mushroom မှိုသုပ် ချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment