Friday 12 April 2024

အာလူး အစိမ့်သုပ်

 





ဒီနေ့တော့ မာမာက သတ်သတ်လွတ် စားတဲ့နေ့ ဖြစ်တဲ့အတွက် အာလူးသေးသေးလေးတွေ ဝယ်လာပြီး အစိမ့်သုပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မိမိတို့ နှစ်သက်သလို စားသုံးနိူင်ဖို့ရာ  မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အာလူးအစိမ့်သုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အာလူး - အနေတော် ငါးလုံး
  2. နံနံပင် - အနေတော် တစ်ပင်
  3. သံလွင်ဆီ - လက်ဖက်ရည်ဇွန်း သုံးဇွန်း
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ကြက်သွန်နီ - အနေတော် တစ်ဥ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်ကောင်းမှုန့်  - အနည်းငယ်

ပြင်ဆင်ပုံ

  • အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွါကာ အတုံးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ

အသုပ် သုပ်ရန်ပြင်ဆင်ပုံ

  • ဇလုံခပ်ကြီးကြီးထဲမှာ ပါ၀င်ပစ္စည်းများ အားလုံးကို ထည့်ပေးကာ  အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့  အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့  အာလူးသုပ် စိမ့်စိမ့်လေးကို မိမိတို့ နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment