Monday 1 April 2024

ဗူးသီးကြော်ချက်

 

ဒီနေ့တော့ စျေးကအပြန် ဝယ်လာတဲ့ ဗူးသီးကို ဗူးသီးကြော်ချက်လေးချက်ပါတယ် ချက်ရတာလဲ လွယ်ကူပြီး ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ သောက်လို့ကောင်းလွန်းတဲ့အတွက် မာမာချက်တဲ့ ကြော်ချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဗူးသီး - ခပ်ကြီးကြီး တစ်စိတ်
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ကြက်သားပြုပ်ပြီးသား - အနေတော် နှစ်တုံး
  5. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဗူးသီးစိတ်ကို အခွံခွာကာ အစိတ်လိုက် ရေဆေးပေးပါ
  • ရေဆေးပြီးမှ အနေတော် အစိတ်လေးတွေ စိတ်ပေးကာ ခပ်ထူထူလေးတွေ လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပြုပ်ပြီးသား ကြက်သားကို အသားနွှင်ထားပါ
  • ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
  • ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ လှီးထားသော ဗူးသီးကို ထည့်ကြော်ပါ
  • ဗူးသီးကို နွမ်းအောင်ကြော်ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးခွဲ ကြက်သားပြုပ်ပြီးသားနှင့် ကြက်သားမှုန့်တို့ကိုထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ဗူးသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ဆားထည့်မွှေကာ အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment