Thursday 4 April 2024

ချည်ငံစပ် အပ်မှိုသုပ်

 




ဒီနေ့တော့ အပ်မှိုလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် အသုပ် သုပ်တဲ့အထဲမှာ ချိုချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်သလို ထမင်းပူပူလေးနဲ့လဲ လိုက်ဖက်ပါတယ်။

ဒါကြောင့်မို့လို့ မိမိတို့ နှစ်သက်သလို စားသုံးနိူင်ဖို့ရာ  မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အပ်မှို - 400 g
  2. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  3. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  4. ကြက်သွန်ဖြူ-  အမွှာကြီးကြီး လေးမွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ဉ
  6. ချယ်ရီ ခရမ်းချဉ်သီး - ငါးလုံး
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ

  • အပ်မှိုမှ မလိုတာတွေ ဖယ်ထုတ်ပေးပြီး ရေဆေးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေဆေးပြီး ဖဲ့ထားသော အပ်မှိုများကို ထည့်ထားပါ
  • ပွက်ပွက်ဆူအောင် တည်ထားသော ရေနွေးကို အပ်မှိုဇလုံထဲ လောင်းထည့်ပြီး တစ်မိနစ်လောက် ထားပေးပါ
  • ပြီးတာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ

အသုပ် သုပ်ရန်ပြင်ဆင်ပုံ

  • ဇလုံခပ်ကြီးကြီးထဲမှာ ပါ၀င်ပစ္စည်းများ အားလုံးကို ထည့်ပေးကာ သံပုရာရည် ညှစ်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမလောက်ပြီ ဆိုတာနဲ့  အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့ အပ်မှိုသုပ် ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment