Tuesday 30 April 2024

ဆန်နီ ရေနွေးကြမ်း


 



မာမာ ဒီနေ့တော့ မာမာသောက်ဖြစ်ခဲ့တဲ့ ရေနွေးကြမ်းလေးတွေထဲက ဆန်နီရေနွေးကြမ်းရဲ့ ကောင်းကျိုးလေးတွေကို မျှဝေပေးချင်ပါတယ်။

ဆန်နီ ရေနွေးကြမ်းတွေ များစွာထဲကမှ  Bali အလယ်ပိုင်း Jatiluwih က လှပသော စပါးခင်းများတွင် စိုက်ပျိုးထားသော ဆန်နီ ရေနွေးကြမ်း လက်ဖက်ရည်က အနံ့ပိုပြီး မွှေးပါတယ်။

အဆီအနှစ် ပိုများသော အရသာကြောင့် လူသိများတဲ့ ‌ထိုရေနွေးကြမ်းက သွေးတိုးနှင့် ကိုလက်စထရောကို လျှော့ချပေးပါတယ်။

သွေးလည်ပတ်မှုကိုလဲ ကောင်းစေပြီး ဆီးချိုရောဂါ ရှိသူတွေအတွက် သွေးဂလူးကို့စ်ကို ထိန်းချုပ်ခြင်းနှင့် အစာချေဖျက်ရာတွင်လဲ အထောက်အကူများစွာ ဖြစ်စေပါတယ်။

ဒါကြောင့်မို့လို့ မာမာကိုယ်တိုင်လဲ ဆီးချိုရှိတဲ့အတွက် အမြဲလိုလို သောက်ဖြစ်ပါတယ် မိမိအတွက် အထက်ဖော်ပြပါ အကျိုးကျေးဇူးများစွာ ပါရှိတဲ့အတွက် သောက်သုံးသင့်ကြောင်းလေးကို မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်ရှင်။

No comments:

Post a Comment