Sunday 6 August 2023

ကတက်ဥ အရည်သောက်ဆမ်းဟင်း


 



အရင်တစ်ပါတ်က ဗီယက်နမ်ဈေးကိုသွားရင်း ကတက်ဥ လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတော့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အဖြစ် ချက်ဖြစ်ပါတယ်။

ကိုယ်စားလို့ အရသာရှိရှိ စားရလေတိုင်း မိတ်ဆွေတို့ကို သတိရမိတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ကတက်ဥ - 500g
  2. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. ပင်စိမ်း (သို့) နံနံပင် - မိမိနှစ်သက်သလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ပုဇွန်ခြောက်  - ၁၅ကောင်ခန့်
  10. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တစ်လုံးစာ

ပြင်ဆင်ပုံ

  • ကတက်ဥများကို အခွံခွာပြီး ရေဆေးပေးကာ ပုံပါအတိုင်း အတုံးလေးတွေ တုံးထားပေးပါ
  • ပင်စိမ်း သို့မဟုတ် နံနံပင်ကို ရေဆေးထားပါ
  • ပုဇွန်ကိုခြောက်ကို ရေဆေးပြီး ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးမှာ အခွံခွာပြီး လှီးထားသော ကတက်ဥ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား ပုဇွန်ခြောက် နနွင်းမှုန့် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ဆီထည့်ပြီး အရသာ၀င်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ကတက်ဥများ လုံးမိတာနဲ့ ရေကို အနေတော်ထည့်ကာ  ဟင်းအိုးဆူအောင် တည်ပေးပါ
  • ကတက်ဥများ နူးလာပါက ဟင်းရည်အပျစ် အကျဲကို မိမိ လိုသလိုပြင်၍  ထည့်ပေးပါ
  • ကတက်ဥ ကျက်တာနဲ့ အရသာမြည်းပြီး လိုသလို မိမိိစိတ်ကြိုက် ပြင်ပေးကာ ပင်စိမ်း (သို့) နံနံပင်ကို အုပ်ပေးပါ
  • ကတက်က်ဥ အရည်သောက်ဆမ်းဟင်းကို ပုဇွန်ချဉ်သုပ် ငါးချဉ်သုပ်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment