Tuesday 29 August 2023

ဝက်သားချဉ်သုပ်







အရင်ရက်က အသားများတဲ့ ဝက်သားတုံးလေး ဝယ်လာဖြစ်တာနဲ့  ဝက်သားချဉ်လေး လုပ်ဖြစ်ပါတယ် ဒီနေ့တော့ ဝက်သားချဉ်လေး ရလာပြီဖြစ်လို့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ်။

ဒါ​ကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သားချဉ် - အနေတော် တစ်တုံး
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  6. သခွားသီး - မိမိနှစ်သက်သလောက်
  7. နံနံပင် - မိမနှစ်သက်သလောက်
  8. ငရုတ်သီးစိမ်း - မိမိနှစ်သလောက်
  9. ကြက်သွန်နီ - မိမိနှစ်သက်သလောက်


ဝက်သားပြုပ်ပုံ

  • ဝက်သားချဉ်ကို အဆင်သင့် ပြင်ထားပါ
  • ဆား အရသာမှုန့်နှင့် ဗီနီကာတို့ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်သားချဉ် ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားချဉ်သုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment