Monday 11 January 2021

ပဲပြားအစာသွပ်





 ဒီနေ့တော့ သမီးငယ်လေး စားချင်တယ် ဆိုတာနဲ့ ပဲပြားအစာသွပ်လေး လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ အရမ်းစားလို့ကောင်းပြီး  အရသာ ချိုချဉ်ငံစပ်လေးနဲ့ မာမာလုပ်စားဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပြား - အတုံးကြီးကြီး နှစ်တုံး
  2. ငါးငံပြာရည် - လိုသလောက် ပြင်ထားပါ
  3. ပဲအကျက်မှုန့် - လိုသလောက် ပြင်ထားပါ
  4. ငရုတ်သီး အကျက်မှုန့်. - လိုငလောပ် ပြင်ထားပါ
  5. ကြက်သွန်ဖြူဆီချက် - လိုသလောက် ပြင်ထားပါ
  6. ငရုတ်သီးစိမ်း - လိုငလောက် ပြင်ထားပါ
  7. နံနံပင် - လိုသလောက် ပြင်ထားပါ
  8. ဂေါ်ဖီ - လိုသလောက် ပြင်ထားပါ
  9. မုံလာဥနီ - လိုသလောက် ပြင်ထားပါ
  10. မြေပဲလှော် - လိုသလောက် ပြင်ထားပါ
  11. မန်ကျည်းသီးမှည့် အရည်ဖျော် - လိုသလောက် ပြင်ထားပါ
  12. ဆီ - လိုသလောက် ပြင်ထားပါ (ပဲပြားကြော်ရန်)
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပဲပြားအရသာနယ်ရန်)
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပဲပြားအရသာနယ်ရန်)
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြားအရသာနယ်ရန်)

ပဲပြားကြော်ရန် ပြင်ဆင်ပုံ
  • ပဲပြားကို ရေတစ်ထပ်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး အရသာဝင်အောင် ခပ်ဖွဖွလေး နယ်ပေးပါ
  • ပြီးတာနဲ့ တြိဂံပုံလေးတွေ တုံးထားပါ
  • ရေစစ်သွားတာနဲ့ ဒယ်အိုးထဲကို ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး ပဲပြားများကို တစ်တုံးချင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ပဲပြားတစ်ဖက်ကျက်သွားပါက နောက်တစ်ဖက်ကို လှန်ပေးကာ ကြော်ပေးပါ
  • ပဲပြားတစ်တုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးထားပါ
  • အထက်ပါ နည်းအတိုင်း ပဲပြားများ ကုန်တဲ့အထိ ကြော်ပေးထားပါ။

အစာသွပ်မည့် ပစ္စည်းများ ပြင်ဆင်ရန်
  • ဂေါ်ဖီကို ခပ်ပါးပါးလေးတွေ လှီးပေးပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
  • ပဲပြားကို အစာသွပ်ရန်အတွက် အပေါက်လေးရအောင် ကပ်ကျေးနှင့် အရှည်လိုက်လေး ညှပ်ပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ ခြစ်ထားပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပေးပြီး ရေနွေးပုပူနှင့် စိမ်ထားပါ
  • နံနံပင်ကို ရေစင်အောင် ဆေးပေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • မြေပဲလှော်ကို အခွံခြွတ်ပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေစင်ဆေးပေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ပဲပြား ကြက်သွန်ဖြူဆီချက် ပဲအကျက်မှုန့်နှင့် ငရုတ်သီး အကျက်မှုန့်တို့ကို အဆင်သင့် ပြင်ထားပါ

အစာသွပ်ပုံ
  • ပဲပြားကိုယူပြီး ကပ်ကျေးနှင့် ညှပ်ထားသော နေရာကို ဟပေးပါ
  • မြေပဲလှော် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး (မာမာကတော့ မထည့်ထားပါ)
  • ဂေါ်ဖီ - အနည်းငယ်
  • မုံလာဥနီ - အနည်းငယ်
  • ငရုတ်သီးစိမ်း -  စားနိူင်သလောက်
  • နံနံပင် - အနည်းငယ်
  • မန်ကျည်းမှည့်ရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ ဆီချက် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီး အကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ကို ဖိသိပ်ပြီး ထည့်ပေးပြီးပါက အရမ်းစားလို့ ကောင်းလွန်းတဲ့ ပဲပြား အစာသွပ်လေးတွေ  ရပါပြီ။

No comments:

Post a Comment