Wednesday 6 January 2021

ငါး တန်ပူရာကြော်


ဒီတခါတော့ က ကတစ် ငါးအသား လွှာပြီးသားလေးတွေကို ဝယ်လာပြီး တန်ပူရာမှုန့်နဲ့ ကြော်ထားပါတယ်
တစ်ခါတစ်လေလဲ ငါးကို ဒီအတိုင်း ကြော်စားရတာထက်စာရင် အခုလိုလေး စားရတာပိုပြီး ကောင်းတယ်လို့ ထင်မိပါတယ်။

 တန်ပူရာမှုန့်ကို ကိုယ်လိုချင်တဲ့ အနေအထားရအောင် ရေနဲ့ရောစပ်ပြီး ကြော်ထားတာမို့လို့  ကြွတ်ကြွတ်ရွရွ မွှေးမွှေးလေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - 500 g (အသားလွှာပြီးသား)
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. တန်ပူရာမှုန့်  - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
  5. Lemon Pepper - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. Lemon Pepper မရှိပါက သံပုရာရည် ထမင်းစားဇွန်းတစ်၀က်နဲ့ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ရောနယ်ပေးပါ
  7. ဆီ - လိုသလောက် သုံးပေးပါ
  8. ရေ - တန်ပူရာ မုန့်နှစ်ခပ်ပျစ်ပျစ်ဖြစ်အောင် ရေကိုနည်းနည်းခြင်း ထည့်မွှေပြီး ခပ်ပျစ်ပျစ် အ​ေနအထား ရအောင်ဖျော်ရန်

ပြင်ဆင်ပုံ
  • က ကတစ်ငါး အသားလွှာပြီးသားက ဆိုင်ကဝယ်လာတာဖြစ်လို့ ရေတစ်ထပ်ဆေးပြီး ရေခြောက်အောင် Paper Towel နှင့်ခပ်ဖွဖွ သုပ်ပေးပါ
  • ရေခြောက်သွားပါက ဆား အရသာမှုန့် lemon pepper တို့နဲ့အရသာ၀င်အောင် ခပ်ဖွဖွလေး ဆုတ်ဆုတ်ပြီး နယ်ပေးကာ ဆယ့်ငါး မိနစ်လောက် နှပ်ထားပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ငါးအရသာ နယ်ပြီးနှပ်ပြီးပါက  ရေဖျော်ထားသော တန်ပူရာ မုန့်နှစ်ထဲမှာ ငါးကိုတစ်ပြားချင်း ယူကာ လူးပေးပါ
  • အောက်ချေမကပ်သော ဒယ်အိုးခပ်ကြီးကြီး တစ်လုံးကို ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာပါက တန်ပူရာမုန့်နှစ် လူးထားသောငါးကို တစ်ပြားချင်း ထည့်ကြော်ပေးပါ
  • တဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက်လှန်ပေးပြီး နောက်တဖက်ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြွတ်မွပြီး မွှေးနေသော  ငါးကြော်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment