Saturday 2 January 2021

ထိုင်းစတိုင်လ် ငဆုတ်ကြော်







ဒီနေ့တော့ ငါးဖယ်အစစ်လေးတွေ ရတာနဲ့ ဝယ်လာပြီးတော့ ထိုင်းစတိုင်လ် ငဆုတ်လေး ကြော်ဖြစ်ပါတယ် မာမာကတော့ ကြော်ပြီးတာနဲ့ ရေနွေးကြမ်းလေး တဖူးဖူးမှုတ်ကာ ပူပူလူလူလေး စားဖို့ပြင်လိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
ငါးဆုတ်ကြော်အတွက် ငါးအရသာနယ်ရန် 
  1. ငါးဖယ်ခြစ် - 300 g
  2. Premium Soy Sauce - ထမင်းစားဇွန်း တစ်ဝက်
  3. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အမှုန့်မရှိလျှင် လက်မ၀က်လောက် ထောင်းထည့်ပါ)
  5. ကြက်သွန်ဖြူအမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အမှုန့်မရှိလျှင် အမွှာကြီးကြီး ၃မွှာလောက် ထောင်းထည့်ပါ)
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ရေ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်ဟ
  9. င်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်န
  10. နွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ (အားလုံကိုရောပြီး ငရုတ်ဆုံထဲမှာ ထဲ့ထောင်းပေးပါ)
  11. ပဲတောင့်ရှည် - ငါးတောင့်ခန့် 
  12. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ငါးဖယ်ခြစ် Premium Soy Sauce ကော်မှုန့်ချင်းအမှုန့်ကြက်သွန်ဖြူအမှုန့် ငရုတ်ကောင်းမှုန့် ရေ ဆား ဟင်းချိုမှုန့် နနွင်းမှုန့် တို့ကို ငရုတ်ဆုံထဲမှာထဲ့ပြီး စေးပိုင်လာအောင် ထောင်းပေးပါ
  • ငါးဖယ်ခြစ်ထောင်း စေးပိုင်လာပါက လှီးထားသော ပဲသီးကို မညက်တစ်ညက် ထဲ့ထောင်းပေးပါ

ငါးဆုတ်ကြော်ရန်
  • ငါးဖယ်ထောင်းပြီးသားကို အရင်ဆုံး လက်ကိုရေဆွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ငါးကုန်တဲ့အထိ တစ်လုံးခြင်း ဆုတ်ပေးပါ
  • ဒယ်အိုးတစ်လုံးကို အပူပေးပါ အိုးပူလာမှ ဆီကိုထည့်ပြီး အငွေ့တက်လာတာနဲ့ မီးကို အနေတော် လျှော့ပေးပါ
  • ဆီအိုးထဲမထည့်ခင် လက်ကိုရေဆွတ်၍ ဆီအိုးနဲ့  ဝေးရာမှာ လက်ကိုရေခါပြီးမှ ဆုတ်ထားသော ငါးဆုတ်ကို ငါးချက်လောက် ထပ်ဆုတ်ပြီးမှ ဆီအိုးထဲကို ထည့်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို လှန်ပေးပါ
  • ငါးဆုတ်တစ်ခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • မွှေးပြီးစေးပိုင်ကာ အရသာရှိတဲ့ ငါးဖယ်ငါးဆုတ်ကြော်ကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment