Thursday 5 March 2020

Oyster မှိုပေါင်း





ဒီနေ့တော့ King Oyster Mushroom လေးတွေ ဝယ်လာပြီး ပေါင်းပါမယ် ပေါင်းတဲ့အခါမှာ အချိုရည်များ ထွက်လာတဲ့အတွက် အရည်သောက်ဆမ်း ပြင်ပေးနိုင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ မှိုပေါင်းအရည်သောက်ဆမ်း ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. King Oyster Mushroom - 250 g
  2. ကြက်သွန်နီ -  အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ -၂မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ရေ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  1. မှိုမှ မလိုသော အောက်ချေကို လှီးထုတ်လိုက်ပြီး ရေဆေးကာ လက်တစ်လုံး အရွယ်လေးတွေ လှီးထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ တစ်ခြမ်းကို ခပ်ပါးပါး လှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ  ဓါးပြားရိုက်ထားပါ
  4. ပန်းကန်တစ်လုံးထဲမှာ ဆား ပဲငံပြာရည် ရေနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင် ပြင်ထားပါ
  5. ပန်းကန်တစ်လုံးထဲမှာ မှို  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် အရသာ စပ်ထားသော ပဲငံပြာရည်တို့ကို ထည့်ပေးပါ
  6. ထိုပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး အဖုံးအုပ်ပေးပါ
  7. ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပြီး ၅မိနစ် ပေါင်းပေးပါ
  8. မှိုပေါင်းချိန် ငါးမိနစ် ပြည့်တာနဲ့ လေထုတ်မည့် ခလုတ်ကို နှိပ်ပြီး လေကုန်အောင် နှိပ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  9. မှိုပေါင်းစဉ် ထွက်လာသော အရည်မှာ အရမ်းကို ချိုတဲ့အတွက် အရည်သောက်ဆမ်းလေး ပြင်ပေးနိုင်ပါတယ်
  10. ပြီးတာနဲ့ မှိုပေါင်းပန်ကန်ကို ပေါင်းအိုးအပြင်သို့ ထုတ်ပေးပြီး ပူပူလူလူ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment