Friday 27 March 2020

သျှားဖြူသီးထောင်း








ဗီယက်နမ်ဈေးကနေ ဝယ်လာတဲ့ သျှားဖြူသီးလေးတွေကို နေ့လည်နေ့ခင်း အပျင်းပြေ စားရလေအောင် ချဉ်ငံစပ်လေး ထောင်းပါတယ်။

ထောင်းနည်းက လွယ်လွယ်လေးမို့လို့ လူတိုင်းလဲ ထောင်းတတ်ကြမှာပါ ဒါပေမဲ့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းအလွယ်လေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သျှားဖြူသီး  - အလုံး ၁၀၀ခန့်
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  3. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
  6. ငါးငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
ပြင်ဆင်ပုံ
  • သျှားဖြူသီးကို ရေဆေးပြီး ရေစစ်ထားပါ။
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ နှင့် ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တစ်ညက် ထည့်ထောင်းပါ။
  • ပြီးတာနဲ့ သျှားဖြူသီးကို မညက်တစ်ညက် ထည့်ထောင်းပေးပါ။
  • အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  • အရသာ သမသွားတာနဲ့ အရသာ သမအောင် ဇွန်းနှင့် မွှေပေးပါ။
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ သျှားဖြူသီး ချဉ်ငံစပ်ထောင်းလေးကို စားသုံရန် ပြင်ပေးးနိူင်ပါပြီ။

No comments:

Post a Comment