Friday 6 April 2018

Mussel green lip














နယူးဇီလန်က ဂုံးလေးတွေ ဝယ်ထားမိပြန်တော့ ထမင်းနဲ့ မလိုက်ဖက်ပေမဲ့ ဒီအတိုင်းလေးစားဖို့ အချဉ်လေး ချက်မိပြန်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အခွံပါသော New Zealand mussel green lip - တစ်ကီလိုခွဲ
  2. ခပ်နူတ်နူတ် လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  3. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - ထမင်းစားဇွန်း ၃ ဇွန်းခန့်
  4. ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီး - အနေတော် ၅လုံး
  5. ချင်း - လက်တဆစ် ခပ်ပါးပါး လှီးထားပါ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ရေ - ဟင်းခပ်ဇွန်းကြီး ၃ ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ဂုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သောအိုးကို အပူပေးကာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပါ
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ ခရမ်းချဉ်သီးများကို ထည့်ပြီးဆီသတ်ပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ ရေစစ်ထားသော ဂုံးများ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဂုံးများကျက်လာတာနဲ့ အရသာမြည်ပြီး လိုသလို ပြင်ပေးကာ ရေမခမ်းခင် မီးပိတ်ပေးပါ
  • အနံ့အရသာနှင့် ပြည့်စုံလှသော ခရမ်းချဉ်သီး ချင်းနံ့သင်းနေတဲ့ ဂုံးချဉ်စပ်လေး စားသုံးရန် ပြင်ပေးနိုင်ပါပြီ

No comments:

Post a Comment