Sunday 29 April 2018
ငါး ငရုတ်သီးစိမ်း အစပ်ဟင်း
ဒီနေ့တော့ ထမင်းစားလို့မြိန်ပြီး စားလို့ကောင်းလွန်းတဲ့ ဆီမပါဘဲ ချက်ထားတဲ့ ငါးချဉ်ငံစပ်လေး ချက်ဖြစ်တာနဲ့ မာမာပြင်ဆင်တဲ့ ချဉ်ငံစပ်မွှေး ငါးချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
  1. ငါး - 600 g (မိမိနှစ်သက်သည့် ငါးကိုသုံးပါ)
  2. ချင်းတက် - လက်တစ်ဆစ်ခန့်
  3. ကြက်သွန်အနီ - အနေတော် ၂လုံး
  4. ကြက်သွန်ဖြူ အမွှာကြီး ကြီး ၅မွှာ 
  5. ပဒဲကော - လက်တစ်ဆစ်
  6. သံပရာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. ငရုတ်သီးစိမ်း -  မိမိ စားနိူင်သလောက်ကု
  8. လားအော်ငရုတ်သီး - မိမိ စားနိူင်သလောက်
  9. မျှင်ငါးပိ - ကွမ်းသီးလုံးခန့်
  10. နနွင်းမှုန့် - အနည်းငယ် 
  11. သံပုရာရည် စားပွဲတင်ဇွန်း -၂ဇွန်း
  12. နံနံပင် - အနည်းငယ်အ
  13. ရသာမှုန့် - အနည်းငယ်
  14. ကင်းမွန်ငံပြာရည် -  ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  • ငါးအကောင်လိုက်ကို အကြေးခွံနှင့် မလိုတာတွေကို သန့်ရှင်းအောင်ပြုလုပ်ပြီး မိမိနှစ်သက်သလို ခပ်ထူထူ တုံးထားပါ
  • ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး အရသာမှုန့် ဆား နနွင်းမှုန့်တို့နှင့် နယ်ထားပါ
  • ချင်းကို အခွံခွာကာ ရေဆေးထားပါ
  • ပဒဲကောကို အခွံခြစ်ကာ ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းနှင့် ကုလားအော်ငရုတ်တို့ကို အညှာခြွေကာ ရေဆေးထားပါ
  • ချင်း ပဒဲကော ကြက်သွန်ဖြူ ကြက်သွန်နီ ကုလားအော်ငရုတ် ငရုတ်သီးစိမ်းတို့ကို မညက်တညက် ထောင်းပေးပါ
  • မျှင်ငါးပိကို ရေအနည်းငယ်နဲ့ ဖျော်ထားပါ
  • နံနံပင်ကို သန့်စင်အောင်ဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ အောက်ချေမကပ်သောအိုးကို မီးအနေတော်နှင့် အပူပေးပါ
  • အိုးပူလာတာနဲ့ မျှင်ငါးပိရည်ကို လောင်းထည့်ပါ
  • ပြီးတာနဲ့ ထောင်းထားသော ဟင်းချက်အနှစ်ကို ထည့်ပြီးမွှေပေးပါ
  • ဟင်းအနှစ်များ မွှေးလာပြီ ဆိုတာနဲ့  တရုတ်ဟင်းထည့်ပန်းကန် အလတ်တလုံးစာ ရေထည့်ပေးပါ
  • ရေပွက်ပွက် ဆူပွက်လာတဲ့အထိ တည်ပေးပါ
  • ဟင်းရည်ဆူပွက်လာပြီ ဆိုလာတာနဲ့ အရသာနယ်ထားသော ငါး ငံပြာရည်နှင့် သံပုရာရည်တို့ကိုထည့်ချက်ပေးပါ
  • ငါးအသားက အကျက်မြန်တဲ့အတွက် ရေပွက်ပွက်ဆူလာပြီး ၁၅မိနစ်လောက်နေတာနဲ့ ဟင်းကျက်ပါပြီ
  • ဟင်းရည်ပွက်ပွက်ဆူနေချိန်မှာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ဟင်းအရသာ အနေတော် ရပြီဆိုတာနဲ့ မိမိနှစ်သက်သလောက် ဟင်းရည်အနေအထားမှာ မီးပိတ်ပေးပါ 
  • ပြီးတာနဲ့ နံနံပင်အုပ်ပေးကာ မီးပိတ်ပေးပြီး ချဉ်ငံစပ်မွှေး ရှူးရှဲစပ်စပ်လေးကို ပူပူလူလူ သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။ 
1 comment:
  1. ဘာငါးနဲ့ချက်​ရင်​စားလို့ ပို ​ကောင်းပါသလည်း.
    ရခိုင်​ဟင်းဆ်ု ရင်​ အရမ်းကြိုက်​လို့ ပါ.
    ReplyDelete