Friday, 27 April 2018

ပုဇွန်ဆိတ်အခြောက် ငံပြာရည်ကြော်









ခံတွင်းလိုက်စေမဲ့ ဟင်းစပ်စပ်လေးတွေ စားချင်တိုင်း တခါတလေ ဘာလေးကို ဘယ်လို ချက်စားရပါ့မလဲ တွေးရတာလဲ စိတ်တွေတော့ မောမိသားပေါ့နော်။

ဒီနေ့တော့ အေးရှန်းဆိုင်က ဝယ်ထားတဲ့ ပုဇွန်ဆိတ် အကောင်ခြောက်လေးတွေကို ငံပြာရည်ချက် စပ်စပ်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ဆိတ် သားပေါက်အကောင်အခြောက် - လက်ဖက်ရည်အကြမ်း ပန်းကန်၂လုံး
  • ကြက်သွန်နီ - ခပ်ကြီးကြီး ၃လုံး
  • ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်ပုံ

  • ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပါ
  • ပြီးမှပုဇွန်ခြောက်ထဲက သဲစသဲနလေးတွေ စင်သွားအောင် ခါခါပြီး ရေဆေးပေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကိုဆီထည့်ပြီး အပူပေးပါ
  • ဆီလာပါက  နနွင့်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
  • ငရုတ်သီးနံ့မွှေးလာပါက မီးကိုအနေတော် လျော့ပေးပြီး ရေစစ်ထားသော ပုဇွန်ခြောက် ဆား  ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ 
  • မကြာမကြာ မွှေပေးပြီး  ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပါက မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ပုဇွန်ခြောက် ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။

No comments:

Post a Comment