Sunday 6 December 2015

သရက်သီး ဆားရည်စိမ်






သရက်သီးစိမ်း ပေါ်ကာစ သရက်သီးစိမ်းကို အမျိုးမျိုး လုပ်စားဖြစ်ပါတယ် အဲဒီအထဲကမှ တနှစ်ပါတ်လုံး အထားခံပြီး သုပ်စားလို့ ရသလို တို့စရာလဲ လုပ်နိုင်မဲ့ သရက်သီးစိမ်း ဆားရည်စိမ် အလုံးလိုက် အချဉ်တည်နည်းလေးကို မျှပေးဝလိုက်ပါတယ်ရှင်။

ပါင်ပစ္စည်းများ

  1. သရက်သီးစိမ်း - ပုလင်းဆန့်သလောက် 
  2. ရေ - ပုလင်း တစ်ဝက်ခန့်
  3. ဆားကြမ်း - ထည့်ထားသောရေ ငံမြနေအောင် ထည့်ပါ
  4. ဖန်ပုလင်း  - သန့်သန့် တစ်ပုလင်း

ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အစေးများ စင်အောင်ဆေးပြီး ဇလုံတလုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၂ရက်လောက် စိမ်ထားပါ
  • ၂ရက်ပြည့်တာနဲ့ ဖန်ပုလင်း သန့်သန့်ထဲမှာ  ရေတစ်ဝက်လောက် ထည့်ပေးပါ
  • ရေထဲကို ဆားထည့်ပြီး တော်တော်လေး ငံတဲ့ထိ ထည့်မွှေပေးပါ
  • ဆားအရည် ငံမငံကို လက်နဲ့တို့ပြီး မြည်းကြည့်ပါ
  • ဆားဖျော်ပြီးတာနဲ့ သရက်သီးကို ဆားရည်ထဲ ဆန့်သလောက် ထိုးသိပ်ထည့်ပါ
  • ဖန်ပုလင်းထဲမှာ ပြည့်ပြီးကြပ်ညပ်နေအောင် ထည့်ပေးပြီး အဖုံးကို လုံနေအောင် ဖုံးပေးပါ
  • ဆားရည်များ အဖုံးမှ လျှံပြီး စိမ့်ထွက်တတ်တဲ့အတွက် ပုလင်းအောက်မှ ဇလုံတလုံး ခံထားပေးပါ
  • ဆားရည်စိမ်ပြီး နောက်တစ်ရက်နေရင် ပုလင်းကို ဖွင့်ကြည့်ပြီး ထည့်ထားသော သရက်သီးများကို ဖိကြည့်ပါ
  • ပုလင်းထဲမှာ ချောင်နေတာကို တွေ့ရပါမယ် ပုလင်းချောင်နေရင် ဆားရည်စိမ်ထားသော သရက်သီးများ မာမနေဘဲ ပျော့သွားတတ်တဲ့အတွက် သရက်သီးများ မပျော့စေရန် ပုလင်းဆန့်သလောက် သရက်သီးကို ထပ်ပြီး ဖိသိပ်ကာ ထည့်ပေးပါ
  • တတိရမြောက်နေ့မှာလဲ ထိုကဲ့သို့ ရသလောက် ထပ်ဖိပြီး ထည့်ပေးပါ
  • သရက်သီးများ အားလုံးကို ဆားရည်မြုပ်နေအောင် ထည့်ပြီး အဖုံးကို လုံအောင်ဖုံးထားပါ
  • ၅ရက်မြောက်နေ့မှာ သရက်သီးဆားစိမ် အရောင်ပြောင်းသွားပြီး တနှစ်ပါတ်လုံး ထားပြီး စားနိုင်မဲ့ သရက်သီးစိမ်း ဆားရည်စိမ် ရပါပြီ။

1 comment: