Sunday, 13 December 2015

ပုဇွန်ငရုတ်သီးစိမ်း အစပ်ချက်


ဗီယက်နမ်ဆိုင်မှာမှ ရတတ်တဲ့ ကျောက်ပုဇွန်လေးတွေကို ခေါင်းဖြုတ်ပြီး ငရုတ်သီးစိမ်း ခပ်ပါးပါးလှီးကာ စပ်စပ်လေးချက်ထားတာမို့ လွယ်ကူမြန်ဆန် ဟင်းလေးတမယ်အတွက် မျှဝေလိုက်ပါတယ်။

ကျောက်ပုဇွန်လေးတွေရဲ့ အခွံက မာသယောင် ထင်ရပြီး ချက်လိုက်တဲ့အခါ မမာဘဲ ပုဇွန်အသားကလဲ ချက်လိုက်တာနဲ့ အရောင်ရဲပြီး တက်လာတတ်လာကာ မွှေးလဲမွှေးတဲ့ပုဇွန်မို့ အင်မတန်စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန် - 250g
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်း - အတောင့် ၃၀
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းဖြုတ်ထားပါ
  • ဆီကိုအပူပေးကာ နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ပါးပါးလှီးကာ ဆီသတ်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့အရသာမှုန့် ပုဇွန်နှင့် ငံပြာရည်တို့ ထည့်ကြော်ပါ
  • ပုဇွန်ကို ၂မိနစ်လောက်ဘဲ ကြော်ပြီး ငရုတ်သီးစိမ်း ထည့်ကြော်ပါ
  • ငရုတ်သီးစိမ်းထည့်ပြီး ရေ လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးစာ သာသာထည့်ကာ ၃မိမိနစ်လောက် ရေဆူအောင် တည်ပြီးတာနဲ့ အရသာမြည်ပြီး လိုသလိုပြင်ပေးပြီးရင် ပုဇွန်ငရုတ်သီးစိမ်း စပ်စပ်လေး ရပါပြီ။

2 comments:

  1. I just tried this recipe. It's really nice. Thanks!

    ReplyDelete
    Replies
    1. Blog ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

      Delete