Monday, 14 December 2015

ပဲဆုတ်ကြော် စိမ့်စိမ့်လေး









ပဲဆုတ်ကြော်လို့ ပြောပေမဲ့ တကယ်တော့ ဗယာကြော်ပါဘဲ ဗယာကြော်လို ကုလားပဲခြမ်းကို ကြော်တာမဟုတ်ဘဲ Black Eye Bean ကို ကြော်ထားတာပါ ဒီပဲကြော်က မြန်မာနေစဉ် မုတ္တမပင်လယ်ကွေ့နားက တိုက်နယ်ဆေးရုံမှာ အမျိုးသား တာဝန်ကျစဉ် လိုက်နေတုံးက ရွာကလူတွေ ကြော်စားနေကျ အကြော်တမျိုးပါ စားလို့ကောင်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • တည သို့မဟုတ် ၆နာရီလောက် ရေစိမ်ထားသော ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲ
  • ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနမ်ရွက် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • ခပ်ကြမ်းကြမ်းလှီးထားသော နံနံပင် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • ညက်နေအောင် ထောင်းထားသော ချင်း - လက်တဆစ်ခန့်
  • ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၁ဇွန်းမောက်မောက်
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခပ်ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တလုံး
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ ထမင်းပေါင်းအိုး - ဆန်ချင်ဗူး ၂ဗူး
ပြင်ဆင်ပုံ
  • ရေစိမ်ထားသောပဲကို ရေစစ်ကာ ဘလင်ဒါထဲထည့်ပြီး တမိနစ်ဆီ ၇ခါလောက် ကြိတ်ပေးပါ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ဆီမှလွဲပြီး ပါဝင်ပစ္စည်းများကို ထည့်ပြီး သမအောင်နယ်ပေးပါ
  • အားလုံးသမသွားတာနဲ့ လက်ကို ရေစွတ်ပြီး အနေတော် ဆုတ်ပြီးလုံးပေးပါ
  • ပဲကို အလုံးလေးရအောင်  ကျစ်ပြီး ကွဲမထွက်အောင် ဖြည်းဖြည်းခြင်း ဆုတ်ပေးပါ
  • ရွယ်တူ ၁၁လုံးလောက်ရပါမယ်
  • ဇောက်နက်သော အိုးထဲမှာ ဆီကို မီးပြင်းပြင်းနဲ့အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီး အငွေ့သေအောင် ထားပေးပါ
  • ဆီအငွေ့သေမှ ပဲဆုတ်များကို တလုံးခြင်း ထည့်ကြော်ပေးပါ
  • တဖက်ကျက်လျှင် တဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံးကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ

No comments:

Post a Comment