Friday, 18 December 2015

အသီးအရွက် အစိမ်းကြော်



ပါဝင်ပစ္စည်းများ
  • အနေတော် လှီးထားသော ပန်းဂေါ်ဖီ - အနေတော် တပွင့်
  • အနေတော် လှီးထားသော ဇူကီးနီး  - တတောင့်
  • အနေတော် လှီးထားသော မုံလာဥနီ - အနေတော် တဥ
  • ၈စိတ် စိတ်ထားသော ကြက်သွန်နီ  - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ကြက်ဥ - တလုံး
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား -လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • တရုတ်နံနံ - အနေတော် တပင်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပဲငံပြာရည်အပျစ် ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  1. ဒယ်အိုးတလုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်အဖြူ အနီတို့ကို ထည့်ကြော်ပါ
  3. ကြက်သွန်များနွမ်းတာနဲ့ ပန်းဂေါ်ဖီ ဇူကီးနီး မုံလာဥနီ ဆား ဟင်းချိုမှုန့်တို့ကို ထည့်ကြော်ပါ
  4. တမိနစ်လောက် ကြော်ပြီးတာနဲ့ ပဲငံပြာရည်နှင့် တရုတ်နံနံ ထည့်မွှေပြီး ဘေးခနတွန်းထားကာ ကြက်ဥကိုဖောက်ထည့်ပြီး ခလောက်ပြီး ကြော်ပေးပါ
  5. ကြက်ဥတ၀က်ကျက်တာနဲ့ အသီးအရွက်များနှင့် ရောမွှေကာ အရသာမြည်း၍ လိုသလိုပြင်ပြီး  စားသုံးနိုင်ပါပြီ။

No comments:

Post a Comment